Main menu

Background

အိန္ဒိယတွင် တန်ဖိုးမြင့် အိမ်ဈေးကွက် မြင့်တက်နေ

Mon, 02/05/2024 - 12:39 -- journal_editor

အိန္ဒိယနိုင်ငံတွင် ၂၀၂၄ ခုနှစ် အစပိုင်းသို့   ရောက်ရှိလာချိန်မှစပြီး တန်ဖိုးမြင့် အိမ်ဈေးကွက်မှာ တိုးတက် ကောင်းမွန်လျက်ရှိကာ  ဈေးနှုန်းများ မြင့်တက်လျက်ရှိကြောင်း   business-standard.com ၏ ရေးသားဖော်ပြချက် အရ သိရသည်။
အိန္ဒိယနိုင်ငံ    နယူးဒေလီရှိ အကြီးဆုံး အိမ်ခြံမြေ လုပ်ငန်းဖြစ်သည့်Delhi Land and Finance (DLF)  ကုမ္ပဏီက ၂၀၂၃ ခုနှစ် နောက်ဆုံး သုံးလပတ်တွင်      အိမ်ရောင်းချရမှုမှ အမြတ်ငွေသည်    ခြောက်နှစ်အတွင်း အမြင့်ဆုံးဖြစ်ကြောင်း   ထုတ်ပြန်ခဲ့ သည်။  အဆိုပါကုမ္ပဏီ၏ ထုတ်ပြန် ချက်အရ ၂၀၂၃ ခုနှစ်   နောက်ဆုံး သုံးလပတ်တွင်  အိမ်ခြံမြေ ရောင်းချရ မှုမှ အမြတ်ငွေ ၂၇ ရာခိုင်နှုန်းအထိ ခုန်တက်ကာ အိန္ဒိယရူပီးငွေ ၆ ဒသမ ၅၇ ဘီလီယံ (အမေရိကန်ဒေါ်လာ ၇၉ သန်းခန့်) ရရှိခဲ့သည်ဟု ဆိုသည်။
အိမ်ခြံမြေ  လုပ်ငန်းဖြစ်သည့်Delhi Land and Finance (DLF) ကုမ္ပဏီ၏ အဆိုပါအမြတ်ငွေ ပမာဏ မှာ ၂၀၁၇ ခုနှစ်နောက်ပိုင်း အမြင့်ဆုံး ကိန်းဂဏန်းဖြစ်ကြောင်း ယင်းကုမ္ပဏီ က ထုတ်ပြန်ထားသည်။ သို့သော် Delhi Land and Finance (DLF) ကုမ္ပဏီသည် အိမ်ခြံမြေ ရောင်းချရမှုမှ အကျိုးအမြတ်ကို  ရူပီး ၇ ဒသမ ၂၁ ဘီလီယံအထိရရှိရန် မျှော်မှန်းခဲ့သော် လည်း ကုမ္ပဏီအနေဖြင့် လျာထားချက် မပြည့်မီခဲ့ကြောင်း သိရသည်။
ယခု ၂၀၂၄ ခုနှစ် ဇန်နဝါရီလက နယူးဒေလီ အနောက်တောင်ပိုင်းတွင် အမေရိကန်ဒေါ်လာ ၈၆၅ သန်း တန်ဖိုး ရှိသော  ဇိမ်ခံအိမ်များကို  သုံးရက် အတွင်းရောင်းချနိုင်ခဲ့ကြောင်း၊ အိန္ဒိယ နိုင်ငံတွင်  တန်ဖိုးမြင့် အိမ်ခြံမြေဈေး ကွက်သည်   တစ်ဟုန်ထိုး  တိုးတက်ခဲ့ ကြောင်းနှင့်Delhi Land and Finance (DLF) က အိမ်ခြံမြေလောက တွင် အကျိုးအမြတ် အများဆုံး ခံစား နေရကြောင်း၊Godrej Propertiesurl DLF ၏ နောက်မှ ဒုတိယနေရာတွင် ရှိနေကြောင်း သိရသည်။
အခြား အိမ်ခြံမြေ ကုမ္ပဏီတစ်ခု ဖြစ်သည့် Puravankara Ltd သည် လည်း အမြတ်ငွေ သုံးဆကျော် တက် လာသည်ဟုဆိုသည်။
Source; business-standard.com

စိုင်းဗညား