Main menu

Background

ကမ္ဘာ့အကြီးဆုံး ဗီဒီယိုဂိမ်း ကုမ္ပဏီအဖြစ်Tencent သတ်မှတ်ခံရ

Mon, 03/04/2024 - 13:30 -- journal_editor

တရုတ်နိုင်ငံအခြေစိုက် Tencent Interactive Entertainment သည် ကမ္ဘာ့အကြီးဆုံး ဗီဒီယိုဂိမ်း ကုမ္ပဏီအဖြစ် သတ်မှတ်ခံရကြောင်းnewzoo  ၏ မတ် ၁ ရက်တွင် ရေးသားဖော်ပြချက်အရ သိရ သည်။ 
Tencent Interactive Entertainment  သည် တရုတ်နိုင်ငံ၏ အကြီးဆုံးလုပ်ငန်းစုကြီးတစ်ခု ဖြစ်သည့် Tencent Holdings Ltd.၏ ကုမ္ပဏီအခွဲ တစ်ခုဖြစ်ကြောင်း သိရသည်။ ၂၀၂၂-၂၀၂၃ ဝင်ငွေ စာရင်းအရ အဆိုပါကုမ္ပဏီ၏ တစ်နှစ်တာဝင်ငွေ မှာ အမေရိကန်ဒေါ်လာ ၃၂ ဒသမ ၉ ဘီလီယံ အထိရှိခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။ 
Tencent  ဂိမ်းကုမ္ပဏီသည် ဂိမ်းထုတ်လုပ် ရေး စတူရီယိုငါးခုရှိပြီး နာမည်ကျော် မိုဘိုင်းဂိမ်း များစွာကို ထုတ်လုပ်နေခြင်းဖြစ်သည်။ အဆိုပါ ကုမ္ပဏီသည် မိုဘိုင်းဂိမ်းများစွာ ထုတ်လုပ်ခြင်းမှ ဝင်ငွေ အမြောက်အမြား ရရှိနေခြင်းဖြစ်သည်ဟု ဆိုသည်။
Tencent ဂိမ်းကုမ္ပဏီသည် ဝင်ငွေအများ ဆုံးအဖြစ် ထိပ်ဆုံးမှ ရပ်တည်နိုင်ချိန်တွင် နာမည် ကြီး ကမ္ဘာကျော် ဂိမ်းကုမ္ပဏီတစ်ခုဖြစ်သည့်Sony Interactive Entertainment  က အမေရိကန် ဒေါ်လာ ၂၆ ဒသမ ၉ ဘီလီယံဖြင့် ဒုတိယနေရာ တွင်သာ ရပ်တည်နိုင်ခဲ့သည်။ ထို့ပြင် ၎င်းတို့၏ နောက်တွင် Apple Microsoft NetEase Google Electronic Arts Activision Blizzard Nintendo နှင့်  Take-Two Interactiveတို့ အစဉ် လိုက် ရပ်တည်နေကြသည်။
Tencent  သည် တရုတ်နိုင်ငံမှ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကြီးဖြစ်ပြီး ၁၉၉၈ ခုနှစ် တွင်  စတင် တည်ထောင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါTencent ၏ အဓိကလုပ်ငန်းများမှာ အင်တာနက် နှင့်ဆိုင်သော ဝန်ဆောင်မှုများ၊ ထုတ်ကုန်များ၊ အင်တာနက်ပေါ်ရှိ  ဖျော်ဖြေရေးလုပ်ငန်းများ၊ Óဏ်ရည်တုနှင့် နည်းပညာလုပ်ငန်းများ ပါဝင် သည်။                              

Source; newzoo

စိုင်းဗညား