Main menu

Background

မတ် ၁ ရက်တွင် တရုတ်နှင့် ထိုင်းတို့ အပြန်အလှန် ဗီဇာကင်းလွတ်ခွင့်ရ

Mon, 03/04/2024 - 13:31 -- journal_editor

အရှေ့တောင်အာရှ နိုင်ငံများထဲတွင် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးမှုရှိသည့် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည်  နှစ်နိုင်ငံ ခရီးသွားကဏ္ဍအတွက် အပြန်အလှန် ဗီဇာကင်းလွတ်ခွင့် သဘောတူညီချက်ကို မတ် ၁ ရက်က တရားဝင် စတင်နိုင်ခဲ့ကြ ပြီဖြစ်ကြောင်း ဗန်ကောက်ပို့စ်သတင်းက မတ် ၁ ရက်တွင် ရေးသားဖော်ပြထားသည်။
ထိုကဲ့သို့   တရုတ်နိုင်ငံနှင့်  ထိုင်းနိုင်ငံတို့အကြား အသက်ဝင်ခဲ့ပြီဖြစ်သည့်  အပြန်အလှန် ဗီဇာကင်းလွတ်ခွင့် သဘောတူညီချက်ကြောင့်  ထိုင်းနိုင်ငံမှ ခရီးသွားဧည့်သည် များသည် တရုတ်နိုင်ငံသို့ လာရောက်ရန် မျှော်လင့်ထားပြီး ထိုင်းနိုင်ငံကလည်း  တရုတ်ခရီးသွားများကို  လှိုက်လှဲစွာ ကြိုဆိုနေကြောင်း သတင်းတွင် ဖော်ပြထားသည်။
တရုတ်နိုင်ငံနှင့်  ထိုင်းနိုင်ငံတို့သည် အဆိုပါ နှစ်နိုင်ငံ ခရီးသွားကဏ္ဍအတွက်   အပြန်အလှန်  ဗီဇာကင်းလွတ်ခွင့် သဘောတူညီချက်ကို ဆောင်ရွက်နိုင်ခဲ့မှုသည် နှစ်နိုင်ငံ စီးပွားရေးကဏ္ဍတွင်သာမကဘဲ အခြားကဏ္ဍများစွာတွင် လည်း အချင်းချင်း ဝန်ထမ်းများ ဖလှယ်မှုကို ပိုမိုချောမွေ့စေ မည်ဖြစ်သည်။ ထို့ပြင် အရည်အသွေးမြင့် ပွင့်လင်းမြင်သာမှု ကို မြှင့်တင်ရာတွင် တရုတ်နိုင်ငံ၏  စဉ်ဆက်မပြတ် ကြိုးပမ်း ဆောင်ရွက်မှုများကို အတုယူနိုင်မည်ဖြစ်ကြောင်းနှင့် ထိုင်း နိုင်ငံအတွက်လည်း အားသာချက်တစ်ခု ဖြစ်လာနိုင်ကြောင်း တာဝန်ရှိသူများက သုံးသပ်ထားကြသည်။
တရုတ် ခရီးသွားပလက်ဖောင်း  ွှမငစ.ခသာ ၏ ထိုင်း ဝက်ဘ်ဆိုဒ်တွင် တရုတ်နှင့်ဆက်စပ်သော သော့ချက်စာလုံး များကိုရှာဖွေမှု၏ ရေပန်းစားမှုသည် တစ်နှစ်ထက်တစ်နှစ် သုံးဆကျော် တိုးလာသည်ဟုဆိုသည်။ တရုတ်နိုင်ငံနှင့် ထိုင်း နိုင်ငံတို့၏    ဗီဇာကင်းလွတ်ခွင့်  သဘောတူညီချက်သည် နယ်ပယ်အသီးသီးတွင်    တည်ဆောက်ထားပြီးဖြစ်သည့် ပူးပေါင်းဆောင်ရွက်မှုကို  ပိုမိုခိုင်မာစေမည်ဖြစ်ကြောင်း ယုံကြည်ထားကြသည်။  
လက်ရှိအချိန်တွင် တရုတ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ ခရီးသွားကဏ္ဍကို ဖော်ဆောင်ထားပြီး ၎င်းတို့၏ နိုင်ငံ့စီးပွား တည်ငြိမ်လာစေရေးနှင့် ကိုဗစ်(၁၉)မတိုင်မီ ကာလကဲ့သို့ ပြန်လည်ဦးမော့လာစေရန် အမြတ်ဝေစုခွဲဝေပေးမည့် ပြင်ပ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို ပံ့ပိုးကူညီလျက်ရှိ သည်။
ယခုကဲ့သို့ နှစ်နိုင်ငံအကြား အပြန်အလှန် ဗီဇာကင်း လွတ်ခွင့်သည် နှစ်ဦးနှစ်ဖက်စလုံးမှ  ရင်းနှီးမြှုပ်နှံမှုများနှင့် နယ်စပ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်နေမှုများအတွက် အဆင်ပြေ ချောမွေ့စေမည်ဖြစ်ကာ နှစ်နိုင်ငံ ပြည်သူများ အကြားလည်း ကူးလူးဆက်ဆံမှုနှင့် စီးပွားရေး ဆက်သွယ်မှု တို့ကို မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။
ကိုဗစ်(၁၉) ကူးစက်မြန်ရောဂါ မဖြစ်ပွားမီက တရုတ် နိုင်ငံသို့ ထိုင်းနိုင်ငံသား ခရီးသွား ၆၀ဝ၀ဝ မှ  ၇၀ဝ၀ဝ ခန့် ရှိခဲ့ကြောင်းနှင့်  ယခု ၂၀၂၄ ခုနှစ်တွင်  ယင်းပမာဏထက် နှစ်ဆတိုးလာရန် မျှော်မှန်းထားကြောင်း သိရသည်။
 Source; Bangkok Post

စိုင်းဗညား