Main menu

Background

တိုယိုတာ မော်တော်ကားထုတ်လုပ်မှု တိုးတက်လာ

Mon, 03/04/2024 - 13:33 -- journal_editor

ဂျပန်နိုင်ငံ အခြေစိုက် မော်တော်ကား ထုတ်လုပ်ရေးကုမ္ပဏီဖြစ်သည့် တိုယိုတာသည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် ၎င်းတို့၏ မော်တော်ကား ထုတ်လုပ်မှုမှာ ၇ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း သိရသည်။
တိုယိုတာသည် ကမ္ဘာတစ်ဝန်းရှိ ၎င်းတို့၏ စက်ရုံများမှ မော်တော် ကားထုတ်လုပ်မှုမှာ စုစုပေါင်း ၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ကုမ္ပဏီမှ ထိပ်တန်းတာဝန်ရှိသူတစ်ဦးက တရားဝင် ထုတ်ဖော်ပြောဆိုခဲ့ခြင်း ဖြစ် သည်။
အမေရိကန်ပြည်ထောင်စုမှ ဝယ်လိုအား မြင့်တက်လာခြင်းကြောင့် တိုယိုတာကားကုမ္ပဏီသည် အကျိုးအမြတ်များစွာ ဖြစ်ထွန်းခဲ့ပြီး ၎င်းတို့၏ မော်တော်ကားထုတ်လုပ်မှုမှာ ၁၃ လဆက်တိုက် တိုးတက်လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
၂၀၂၄ ခုနှစ် ဇန်နဝါရီအတွင်းက တိုယိုတာမှ မော်တော်ကားအစီးရေ ၇၄၀၃၃၂ စီး ထုတ်လုပ်နိုင်ခဲ့ပြီး ရောင်းအားမှာ တစ်ကမ္ဘာလုံး အတိုင်း အတာအရ ၁၁ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း၊ တိုယိုတာမှ ထုတ်လုပ်သည့် ဇိမ်ခံကား ူနထကျ သည်လည်း ယခုနှစ်ပိုင်းတွင် ရောင်းအား ကောင်းလာခဲ့ ကြောင်း သိရသည်။ 
တိုယိုတာသည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင်  အမေရိကန်ပြည် ထောင်စု ၌ အရောင်း ၂၃ ရာခိုင်နှုန်း၊ ဥရောပဈေးကွက်၌ ၂ ရာခိုင်နှုန်းနှင့် တရုတ်ဈေးကွက်တွင် ၃၉ ရာခိုင်နှုန်းတိုးတက်မှုရှိခဲ့သည်။ သို့သော်  ဂျပန် နိုင်ငံတွင်မူ တိုယိုတာ၏ ရောင်းအားမှာ သိသိသာသာ ကျဆင်းခဲ့ကာ ၁၄ ရာခိုင်နှုန်းအထိပင် ကျဆင်းခဲ့သည်ဟုဆိုသည်။   

Source; drive.com.au

စိုင်းဗညား