Main menu

Background

တစ်နှစ်လျှင် မော်တော်ကား အစီးရေ တစ်သန်း ရောင်းချနိုင်ရန် နစ်ဆန်း မျှော်မှန်း

Mon, 04/01/2024 - 12:13 -- journal_editor

ဂျပန်နိုင်ငံအခြေစိုက်  မော်တော်ကား ကုမ္ပဏီတစ်ခုဖြစ်သည့်Nissanက လာမည့် ၂၀၂၇ ခုနှစ်   နှစ်ကုန်ပိုင်းတွင် ၎င်းတို့ထုတ်လုပ်သည့် မော်တော်ကားများကို တစ်နှစ်လျှင် အစီးရေ တစ် သန်းအထိ တိုးမြှင့်ရောင်းချသွားနိုင်ရန် မျှော်မှန်း ထားကြောင်း သိရသည်။Nissan သည် ကားမော်ဒယ် အမျိုးအစား သစ် ၃၀ အထိ ထုတ်လုပ်ရောင်းချကာ ကမ္ဘာတစ် ဝန်းတွင်Nissan ကား ရောင်းချရမှုကို လာမည့် ၂၀၂၅ ခုနှစ်မှစတင်ပြီး တစ်နှစ်လျှင်  မော်တော် ကား အစီးရေ တစ်သန်းအထိ  တိုးတက်လာရန် မျှော်မှန်းထားသည်ဟု အဆိုပါကုမ္ပဏီမှ ထိပ်တန်း တာဝန်ရှိသူတစ်ဦးက ပြောသည်။  Nissan သည် ပြီးခဲ့သည့်  ၂၀၂၃ ခုနှစ်က ကမ္ဘာ့ကားဈေးကွက်တွင် စုစုပေါင်း မော်တော် ကားအစီးရေ ၈၉၈၇၉၆ စီး  ရောင်းချနိုင်ခဲ့ရာ ယင်းမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၈၇ ဒသမ ၇၇၂ ဘီလီယံရရှိခဲ့ကြောင်း သိရသည်။
ဂျပန်နိုင်ငံတွင် အခြေစိုက်ထားသည့် မော် တော်ကားလုပ်ငန်းများသည် လျှပ်စစ်ကား၊ စွမ်းအင် နှစ်မျိုး  အသုံးပြု၍ရသည့် Hybridsကားများ အပါ အဝင် မော်တော်ကားထုတ်လုပ်မှု စုစုပေါင်း၏ ၆၀ ရာခိုင်နှုန်းကို လျှပ်စစ်စွမ်းအင်သို့ပြောင်းရန် ရည် ရွယ်နေကြောင်း သိရသည်။ လက်ရှိအချိန်တွင် ကမ္ဘာပေါ်၌ လျှပ်စစ်ကား ကဏ္ဍမှာ ပြိုင်ဆိုင်မှု  ပြင်းထန်နေခြင်းကြောင့် Nissan  သည်လည်းHondaနှင့် ပူးပေါင်းလက်တွဲ သွားရန် စဉ်းစားနေကြောင်း သိရသည်။

 Source; statista.com

စိုင်းဗညား