Main menu

Background

တရုတ်နိုင်ငံက ပြည်ပ စီးပွားရေးလုပ်ငန်းများအတွက် အခွင့်အလမ်းများစွာ ဖန်တီးပေးနေ

Mon, 04/01/2024 - 12:16 -- journal_editor

တရုတ်နိုင်ငံအနေဖြင့် ပြည်ပစီးပွားရေးလုပ်ငန်းများ အတွက် အခွင့်အလမ်းများစွာကို ဖန်တီးပေးလျက် ရှိနေခြင်း ကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ တိုးပွားလျက်ရှိကြောင်း ဆင်ဟွာသတင်းတစ်ရပ်က မတ် ၂၆ ရက်တွင် ရေးသားဖော်ပြ ထားသည်။
တရုတ်နိုင်ငံတွင်  အရည်အသွေးမြင့်  ကုန်ထုတ်များ ထုတ်လုပ်မှု အင်အားစုအသစ်များကို  လုပ်ဆောင်ခြင်းနှင့် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုများကို မြှင့်တင်ခြင်း အပေါ် အစိုးရပိုင်းက အလေးထား  ဆောင်ရွက်လျက်ရှိ ကြောင်း၊ ယင်းက တရုတ်ပြည်တွင်းနှင့် ပြည်ပနိုင်ငံများမှ စီးပွားရေးလုပ်ငန်းများအတွက် ကြီးမားသော အခွင့်အလမ်း များကို ဖန်တီးပေးလျက်ရှိကြောင်း၊ ကမ္ဘာ့စီးပွားရေး လျင်မြန် စွာ ပြန်လည်နာလန်ထူနိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတွင် လည်း တရုတ်နိုင်ငံက အားကောင်းမောင်းသန် ဆောင်ရွက် ပေးလျက်ရှိကြောင်း သတင်းတွင် ဖော်ပြထားသည်။ 
မိမိတို့နိုင်ငံအနေဖြင့်  အရည်အသွေး မြင့်မားသည့် ကုန်ထုတ်လုပ်မှု တိုးတက်လာစေရန် မြှင့်တင်ရေး၊ နည်းပညာ  ဆန်းသစ်မှုဖြင့် စက်မှုလုပ်ငန်း တီထွင်ဆန်းသစ်မှုကိုပါ လိုက် ပါတိုးမြှင့်ရေး၊ သမားရိုးကျ စက်မှုလုပ်ငန်းများ အဆင့်မြှင့် တင်ရန်နှင့် ထွန်းသစ်စ စက်မှုလုပ်ငန်းများကို အားပေးရေး အတွက်လည်း  ခိုင်မာစွာ ဆောင်ရွက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ အမျိုးသားဖွံ့ဖြိုးတိုးတက်မှုနှင့် ပြုပြင်ပြောင်းလဲမှု ကော်မရှင် အကြီးအကဲ  Zheng Shanjie  က ပြောဆိုခဲ့သည်။ 
တရုတ်နိုင်ငံသည် စီးပွားရေးပတ်ဝန်းကျင် ပိုမိုကောင်း မွန်အောင် ဆောင်ရွက်ရေး၊ ပိုမိုမြင့်မားသော တံခါးဖွင့်ဝါဒ  လိုက်နာကျင့်သုံးရေး၊  နိုင်ငံတကာ သိပ္ပံနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်မှု အားကောင်းရေးနှင့် ယခု ၂၀၂၄ ခုနှစ် အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကန့်သတ်စာရင်းများ ဖော်ထုတ်မှု  အရှိန်မြှင့်တင်ရေးတို့ကို ဆက်လက်ကြိုးပမ်း ဆောင်ရွက်မည်ဖြစ်ကြောင်း  Zheng Shanjie က ဆက်လက် ပြောဆိုခဲ့သည်။ 
Source; Xinhua

စိုင်းဗညား