Main menu

Background

ကမ္ဘာ့အကြီးဆုံး လျှပ်စစ်ကွန်တိန်နာသင်္ဘော Green Water O1 စတင် ပြေးဆွဲမည်

Fri, 05/10/2024 - 15:19 -- journal_editor

တရုတ်နိုင်ငံအစိုးရပိုင် China Ocean Shipping Group (Cosco) သည်  ကမ္ဘာ့အကြီးဆုံး လျှပ်စစ်ကွန်တိန်နာသင်္ဘောGreenwater 01  ကို ဧပြီလ နောက်ဆုံးပတ်က စတင်မိတ်ဆက်ခဲ့ ကြောင်း သိရသည်။
ကမ္ဘာ့အကြီးဆုံးဟု သတ်မှတ်ခံထားရသည့် လျှပ်စစ် ကွန်တိန် နာသင်္ဘောGreenwater 01  သည် အရှည် ၁၂၀ မီတာ၊ အကျယ် ၂၄ မီတာရှိပြီး အမြင့်ဆုံးအမြန်နှုန်း တစ်နာရီလျှင် ၁၉ ကီလိုမီတာ (၁၂ မိုင်) အထိ မောင်းနှင်နိုင်ကြောင်း သိရသည်။   
အဆိုပါ လျှပ်စစ်ကွန်တိန်နာသင်္ဘောGreenwater 01သည် တရုတ်နိုင်ငံ ရှန်ဟိုင်းနှင့် နန်ကျင်းရှိ အဓိက ကမ်းရိုးတန်း မြို့ကြီး များကြားတွင် အပတ်စဉ်ပြေးဆွဲပေးသွားမည်ဟုဆိုသည်။ 
တရုတ်နိုင်ငံက ရေချထုတ်ဖော်ပြသလိုက်သည့်Greenwater 01  သည် ဘက်ထရီဖြင့်သာ မောင်းနှင်ရသော  ကွန်တိန်နာသင်္ဘော ဖြစ်သည်။ ထို့ကြောင့်Greenwater 01 သည် သဘာဝပတ်ဝန်းကျင် ကို ထိန်းသိမ်းစောင့်ရှောက်ရာရောက်သည့် သင်္ဘောကုန်သွယ်မှု အဖြစ် အသိအမှတ်ပြုနိုင်မည်လည်းဖြစ်သည်။
အဆိုပါ Greenwater 01သင်္ဘောသည် ရေမိုင် ၁၀ဝ တိုင်း အတွက် လောင်စာဆီ ကီလိုဂရမ် ၃၉၀ဝ (ပေါင် ၈၆၀ဝ) ကို ချွေတာ နိုင်မည်ဖြစ်ပြီး ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုမှာ ၁၂ ဒသမ ၄ တန် လျှော့ချပေးသည်။ တရုတ်နိုင်ငံ အစိုးရပိုင်China Ocean Shipping Group (Cosco)  သည် သင်္ဘောလုပ်ငန်းအတွင်း ကမ္ဘာလုံး ဆိုင်ရာ ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေး ကြိုးပမ်းမှုများတွင် Greenwater 01 သင်္ဘောသည် အလားအလာရှိသော ပံ့ပိုးကူညီမှုတစ်ခုဖြစ်ကြောင်း သိရသည်။ 
အဆိုပါသင်္ဘောတွင် ကီလိုဝပ်နာရီ ၅၀ဝ၀ဝ ထက်ပိုသည့် ပင်မ ဘက်ထရီကို တပ်ဆင်ထားပြီး သွားမည့်ခရီးအကွာအဝေးကို တိုးမြှင့်လိုပါက အပိုထည့်နိုင်သော ဘက်ထရီသေတ္တာများ ပါဝင် ခြင်းကြောင့် ခရီးစဉ်အကွာအဝေး အတိုးအလျှော့ကို လုပ်ဆောင် နိုင်မည်ဖြစ်သည်။ ပုံမှန် လျှပ်စစ်မော်တော်ကားတစ်စီး၏ ဘက်ထရီ က ကီလိုဝပ်နာရီ ၄၀ ခန့်သာရှိခြင်းကြောင့်Greenwater 01 သည်Battery capacity  အနေဖြင့် ကီလိုဝပ်နာရီ ၅၀ဝ၀ဝ ကျော် ပါရှိခြင်း က လျှပ်စစ်မော်တော်ကားအစီး ၁၂၅၀ စာနှင့် တူညီနေသည်။
ပုံမှန် လောင်စာဆီသုံး သင်္ဘောတစ်စင်းသည် ခရီးစဉ်တစ် ကြောင်းအတွက် ဆီ ၁၅ တန်ခန့် ကုန်ကျမည်ဖြစ်သည်။ ထို့ကြောင့်Greenwater 01 သည် နှစ်စဉ် ကာဗွန်ထုတ်လွှတ်မှု တန်ချိန် ၂၉၀ဝ ကျော် သက်သာသွားမည်ဖြစ်သကဲ့သို့ အိမ်စီးကား ၂၀၃၅ စီး သို့မဟုတ် သစ်ပင်ပေါင်း ၁၆၀ဝ၀ဝ စိုက်ပျိုးသည်နှင့် ညီမျှမည်လည်း ဖြစ်သည်။ 
Greenwater 01 သည် ၎င်း၏ အရွယ်အစား၊ သယ်ဆောင် နိုင်သည့် ကုန်ပမာဏနှင့် ဘက်ထရီ သိုလှောင်နိုင်မှုများကြောင့် လျှပ်စစ်ကွန်တိန်နာ သင်္ဘောများကြားတွင် ကမ္ဘာ့စံချိန် ချိုးနိုင်ဖွယ် ရှိနေကြောင်း သိရသည်။                  Source - The Times of India

စိုင်းဗညား