ထိုင်းနိုင်ငံ၌ လာမည့် ၂၀၂၇ ခုနှစ်တွင် တစ်ရက်လုပ်အားခကို ဘတ် ၆၀ဝ အထိ တိုးမြှင့်ပေးရန် ထိုင်းအလုပ် သမား ဝန်ကြီးဌာနက အကောင် အထည်ဖော် ဆောင်ရွက်နေကြောင်း သိရသည်။
ထိုင်းနိုင်ငံ၌ တစ်ရက် လုပ်အားခ ကို ဘတ် ၄၀ဝ တိုးမြှင့်ပေးသည့် အစီ အစဉ်မှာ ယခုနှစ် ဧပြီ ၁၃ ရက်တွင် စတင်ခဲ့ကြောင်း၊ Bangkok, Krabi, Chonburi, Chiang Mai, Prachuap Khiri Khan, Phangnga, Phuket, Rayong, Songkhla နှင့်Surat Thani စသည့် ပြည်နယ် ၁၀ ခုရှိ ဟိုတယ်နှင့်Resort များတွင် အလုပ်လုပ်ကိုင်နေ သည့် အလုပ်သမားများသည် အဆိုပါ တိုးပေးသည့် တစ်ရက်လုပ်အားခ ဘတ် ၄၀ဝ ကို စတင်ရရှိခဲ့ကြခြင်း ဖြစ် ကြောင်း ထိုင်းနိုင်ငံ အလုပ်သမား ဝန်ကြီး Pipat Ratchakitprakarnက ပြောသည်။ ထိုင်းနိုင်ငံရှိ လုပ်ငန်းရှင်များ အနေဖြင့် ကြိုတင်ပြင်ဆင်နိုင်ရေး အတွက် လုပ်အားခ တိုးမြှင့်ပေးရာတွင် အဆင့်လိုက် လုပ်ဆောင်ရခြင်းဖြစ် ကြောင်း၊ ထိုင်းနိုင်ငံ အလုပ်သမား ဝန်ကြီးဌာနအနေဖြင့် တစ်နေ့ လုပ် အားခကို တဖြည်းဖြည်းချင်း တိုးမြှင့် ပေးသွားမည်ဖြစ်ကြောင်းနှင့် လာမည့် ၂၀၂၇ ခုနှစ်အရောက်တွင် ဘတ် ၆၀ဝ အထိ သတ်မှတ်ပေးမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
ထိုင်းနိုင်ငံအစိုးရသည် လုပ် သားများအတွက် လစာ တိုးမြှင့်ပေးမှု ကို တစ်ဆင့်ချင်း ဆောင်ရွက်သွားမည် ဖြစ်သည်။ ထိုသို့ လစာတိုးမြှင့်မှုအတွက် တစ်ဆင့်ချင်း ဆောင်ရွက်ရခြင်းမှာ လုပ်ငန်းရှင်များအတွက် အဆင်ပြေစေ ရန် ရည်ရွယ်ကြောင်း၊ နိုင်ငံ တစ်ဝန်း လုံးရှိ အလုပ်သမားများကို တစ်ချိန် တည်း၊ တစ်ပြိုင်တည်း လုပ်အားခများ တိုးမြှင့်ပေးလိုက်ပါက အသေးစားနှင့် အလတ်စားလုပ်ငန်း SME များတွင် လုပ်ကိုင်နေကြသည့် အလုပ်သမား လေးသန်းခန့်အထိ အလုပ်ပြုတ်သွား နိုင်ကြောင်း၊ ထိုင်းနိုင်ငံရှိ အလုပ်သမား ၇၀ ရာခိုင်နှုန်းကျော်သည် SME လုပ် ငန်းများတွင် အလုပ်လုပ်ကိုင်နေကြ ကြောင်း၊ တစ်နေ့ လုပ်အားခ ဘတ် ၄၀ဝ ကို တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် တိုးမြှင့်ပေးလိုက်မည်ဆိုပါကSME လုပ်ငန်း ၄၀ ရာခိုင်နှုန်းခန့် လုပ်ငန်း ရပ်နားမှုများ ဖြစ်လာနိုင် ကြောင်းနှင့် ထိုကဲ့သို့ ဖြစ်လာပါက အလုပ်သမား ငါးသန်းကို ထိခိုက်စေ မည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီး Pipat Ratchakitprakarn က ပြော ဆိုခဲ့သည်။
Source; Bangkok Post
စိုင်းဗညား