Main menu

Background

လျှပ်စစ်စွမ်းအင်သုံး လူသားစက်ရုပ်ကို တရုတ် မိတ်ဆက်

Fri, 05/10/2024 - 15:26 -- journal_editor

တရုတ်နိုင်ငံက ၎င်းတို့ကိုယ်ပိုင် တီထွင်ထားသည့် ကမ္ဘာ့ပထမဆုံး လျှပ်စစ် စွမ်းအင်သုံး လူသားစက်ရုပ်ကို မေလဆန်းပိုင်းက ပေကျင်း စီးပွားရေးနှင့် နည်း ပညာ ဖွံ့ဖြိုးတိုးတက်ရေး ဧရိယာတွင် မိတ်ဆက်ပြသခဲ့ကြောင်း သိရသည်။ 
အဆိုပါ လျှပ်စစ်စွမ်းအင်သုံး လူသားစက်ရုပ်ကိုTiangong ဟု အမည်ပေး ထားပြီး ယင်းသည် လူသားကဲ့သို့ အရွယ်အစား အပြည့်ရှိသည့် ကမ္ဘာ့ပထမဆုံးသော လျှပ်စစ်စွမ်းအင်ဖြင့် လည်ပတ်လုပ်ဆောင်သည့် စက်ရုပ်ဖြစ်သည်။ လူသားစက်ရုပ် Tiangong သည် တစ်နာရီလျှင် ၆ ကီလိုမီတာ သွားလာနိုင်သည်ဟုဆိုသည်။ 
လူသားစက်ရုပ်Tiangongသည် အမြင့် ၁ ဒသမ ၆၃ မီတာ (၅ ပေ ၃ လက်မ) ရှိကာ အလေးချိန်အားဖြင့် ၄၃ ကီလိုဂရမ် ဖြစ်သည်။ သားစက်ရုပ် Tiangong တွင် အမြင်အာရုံခံကိရိယာ အမျိုးမျိုးကို တပ်ဆင်ထားသည်။ ယင်းအထဲတွင် ၃ီ အမြင်အာရုံခံကိရိယာများကိုလည်း တပ်ဆင်ပေးထားသည်ဟုဆိုသည်။ 
လူသားစက်ရုပ် Tiangong) သည် လူသားများကဲ့သို့ ပြေးလွှားနိုင်မည်ဖြစ်ကာ တောင်စောင်းများနှင့် လှေကားများကိုလည်း ချိန်ညှိသွားလာနိုင်သည်။
တရုတ်နိုင်ငံအနေဖြင့် ဧပြီလ နောက်ဆုံးပတ်က ပြုလုပ်ခဲ့သည့် ၂၀၂၄ ခုနှစ် Zhongguancun ဖိုရမ် (ZGC ဖိုရမ်)တွင် ကမ္ဘာ့ပထမဆုံး လျှပ်စစ်စွမ်းအင်သုံး လူသားစက်ရုပ်အပြင် အခြားသောAI စက်ရုပ် ထုတ်ကုန်များကိုလည်း မိတ်ဆက် ပြသခဲ့သည်။                                                           

 Source; Global Times

 

စိုင်းဗညား