Main menu

Background

အမေရိကန်တွင် တည်ဆောက်မည့် အီးဗွီစက်ရုံကို ဗီယက်နမ်ရွှေ့ဆိုင်း

Tue, 06/04/2024 - 11:08 -- journal_editor

ဗီယက်နမ်နိုင်ငံ  အနေဖြင့် အမေရိကန်ပြည်ထောင်စုတွင် တည် ဆောက်မည့်   အီးဗွီ မော်တော်ကား စက်ရုံကို  အချိန်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ကြောင်း မေ ၃၁ ရက်က ရိုက်တာသတင်းတစ်ရပ်၏  ရေးသား ဖော်ပြချက်အရ သိရသည်။
ဗီယက်နမ်နိုင်ငံမှ အီးဗွီကုမ္ပဏီ တစ်ခုဖြစ်သည့် VinFast  သည် အမေ ရိကန်မှ သုံးစွဲသူများကို ဆွဲဆောင်ရန် အခက်အခဲများဖြင့်    ကြုံတွေ့နေရ ကြောင်း၊  မော်တော်ကား ထုတ်လုပ်ရာ တွင် ငွေကြေးအမြတ်အစွန်း နည်းပါး နေခြင်းကြောင့် မြောက်ကာရိုလိုင်းနား ပြည်နယ်တွင်တည်ဆောက်မည့် အမေ ရိကန်ဒေါ်လာ   လေးဘီလီယံတန် စက်ရုံကို   ရွှေ့ဆိုင်းလိုက်ခြင်းဖြစ် ကြောင်း  သတင်းတွင်  ဖော်ပြထား သည်။ 
ဗီယက်နမ် အီးဗွီကုမ္ပဏီ VinFast  သည်   အမေရိကန်ပြည်ထောင်စု၌ နှစ်စဉ် အီးဗွီမော်တော်ကား တစ်သိန်း ခွဲအထိ ထုတ်လုပ်နိုင်သည့် အီးဗွီနှင့် ဘက်ထရီစက်ရုံကို  သမ္မတ ဂျိုးဘိုင်ဒင် အစိုးရ၏ ခွင့်ပြုချက်ဖြင့် တည်ဆောက် သွားမည်ဖြစ်ကြောင်းနှင့်    အလုပ် အကိုင်နေရာပေါင်း ၇၀ဝ၀ ကျော်ကို ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း ပြော ဆိုထားသည်။
VinFast  အီးဗွီ မော်တော်ကား စက်ရုံကို ယခု ၂၀၂၄ ခုနှစ် ဇူလိုင်လ တွင် အပြီးတည်ဆောက်ရန် လျာထား လျက်ရှိပြီး လာမည့် ၂၀၂၅ ခုနှစ်တွင် စတင်လည်ပတ်နိုင်မည်ဟု   မူလက မျှော်မှန်းထားခြင်းဖြစ်သည်။ သို့သော် လက်ရှိအချိန်တွင် အကြောင်းအမျိုး မျိုးကြောင့် VinFast  အီးဗွီ မော်တော်  ကားစက်ရုံကို   အချိန်အကန့်အသတ် မရှိ ရွှေ့ဆိုင်းလိုက်ကြောင်း ကြေညာ ခဲ့ခြင်းဖြစ်သည်။ 
VinFast  အီးဗွီကုမ္ပဏီသည် ပြီး ခဲ့သည့် ၂၀၂၃ ခုနှစ်က မြောက်အမေရိ ကား၌ ကားအစီးရေ ၁၀ဝ၀ ခန့်သာ ရောင်းထွက်နိုင်ခဲ့သည်ဟု ဆိုသည်။ ထို့ပြင် VinFast  အီးဗွီကုမ္ပဏီသည် အမေရိကန်ပြည်ထောင်စုတွင်  မော် တော်ကားShowroom  ငှားရမ်းခများ ငွေအကျေ    မပေးဆောင်နိုင်သည့် အတွက် ကုမ္ပဏီမှာ တရားစွဲဆိုမှု ခံနေ ရကြောင်း သိရသည်။ ထို့ပြင် ပြီးခဲ့သည့် ဧပြီလက ကယ်လီဖိုးနီးယားပြည်နယ် တွင် VinFast VF8 ကား ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ခြင်းကြောင့်    လူလေးဦး သေဆုံးခဲ့ရသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွား ခဲ့သည်။ အဆိုပါ  ကိစ္စနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများကို ရင်ဆိုင်နေရ ကြောင်းနှင့် VinFast VF8တွင် အသုံး ပြုထားသည့် အလူမီနီယမ်မှာ Arcelor Mittal  ပိုင်ခွင့်ကို ချိုးဖောက်ထားသည့် အမှုလည်း ပါဝင်ကြောင်း သိရသည်။ 
ဗီယက်နမ်နိုင်ငံထုတ် မော်တော် ကားများသည် ကမ္ဘာ့မော်တော်ကား ဈေးကွက်တွင် ကားအစီးရေ ၃၅၀ဝ၀ အောက်သာ   ရောင်းချခဲ့ရပြီး နိုင်ငံ မြောက်ပိုင်းတွင် နှစ်စဉ် ကားအစီးရေ သုံးသိန်းထုတ်လုပ်နိုင်သည့်  ကိုယ်ပိုင် ကားစက်ရုံကို ပိုင်ဆိုင်ထားသည်။ 
ဗီယက်နမ်နိုင်ငံထုတ် မော်တော် ကားအများစုကို   ပြည်တွင်း၌သာ ရောင်းချနေခြင်းဖြစ်ကာ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်က အမေရိကန်ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံအထိ  အရှုံးပေါ်ခဲ့ သည်ဟု သိရသည်။
 Source; Reuters
 

စိုင်းဗညား