ထိုင်နိုင်ငံတွင် ငါးနှစ် သက်တမ်း တိုးခွင့်ရှိသည့် ဗီဇာအမျိုးအစားသစ် တစ်ခုကို အစိုးရက ထုတ်ပြန်ကြေညာ လိုက်ကြောင်း ဗန်ကောက်ပို့စ်သတင်း တွင် ရေးသားဖော်ပြထားသည်။
အာရှတွင် ခရီးသွားကဏ္ဍ ဖွံ့ဖြိုး တိုးတက်လျက်ရှိသည့် ထိုင်းနိုင်ငံ၌ ခြောက်လမှ ငါးနှစ်အထိ သက်တမ်းတိုး နေထိုင်နိုင်မည့် Destination Visa (DTV) ကို ဇွန် ၁ ရက်တွင် တရားဝင် စတင်မည် ဖြစ်ကြောင်း ထိုင်းအစိုးရက ကြေညာခဲ့ခြင်းဖြစ်သည်ဟု သတင်း တွင် ဆက်လက်ဖော်ပြထားသည်။
အဆိုပါ Destination Visa (DTV)) ဗီဇာအမျိုးအစားကို ပြည်ပ နိုင်ငံများမှ လာရောက်ကာ ဒီဂျစ်တယ် ပညာရှင်များ၊ ထိုင်း ဟင်းချက်နည်း သင်တန်း၊ ထိုင်း မွေထိုင်းသင်တန်း အပါအဝင် အခြားအားကစားနည်း သင်တန်းများ တက်ရောက်လိုသူများ၊ ဆေးကုသလိုသူများ၊ နိုင်ငံတော်အဆင့် အစည်းအဝေးများသို့ တက်ရောက်လာ သူများ၊ အခြားအလုပ် လုပ်ကိုင်သူများ အပါအဝင် ပညာရှင်အဆင့် အသက် မွေးဝမ်းကျောင်း လုပ်ကိုင်နေသူများ လည်း လျှောက်ထားနိုင်မည်ဟု ထိုင်း နိုင်ငံအစိုးရ ပြောရေးဆိုခွင့်ရှိသူ Chai Wacharonke က ပြောကြားခဲ့သည်ဟု သတင်းတွင် ဆက်လက်ဖော်ပြထား သည်။
ထိုင်းနိုင်ငံအစိုးရက အသစ်ခွင့် ပြုလိုက်သည့်Destination Visa (DTV)လျှောက်ထားရန်အတွက် လျှောက် ထားသူသည် အသက်(၂၀)ပြည့်ပြီး ထိုင်းဘတ်ငွေ ငါးသိန်းနှင့်ညီမျှသည့် ငွေကြေးကို ပြသနိုင်ရန် လိုအပ်သည်ဟု ဆိုသည်။
Destination Visa (DTV) ဗီဇာ လျှောက်ထားသည့်ကြေးမှာ ထိုင်းဘတ် တစ်သောင်းဖြစ်ပြီး တစ်ကြိမ်ကို ခြောက်လအထိ သက်တမ်းတိုး နေထိုင် ခွင့် ရရှိမည်ဖြစ်ကြောင်း၊ ယခင်ကမူ ဗီဇာတစ်ကြိမ်ကို ရက် ၃၀ သက်တမ်း တိုးခွင့် နှစ်ကြိမ်သာ ခွင့်ပြုခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
Source; Bangkok Post
စိုင်းဗညား