Main menu

Background

တရုတ်ခရီးသွားများအတွက် ဗီဇာကင်းလွတ်ခွင့်မူဝါဒကို လာအိုနိုင်ငံချမှတ်မည်

Mon, 07/01/2024 - 16:21 -- journal_editor

လာအိုနိုင်ငံ အစိုးရသည် ယခု ၂၀၂၄ ခုနှစ် ဒုတိယနှစ်ဝက်တွင်  နိုင်ငံ့ခရီးသွားလုပ်ငန်းများ မြှင့်တင်ရန်အတွက်   ရည်ရွယ်သည့်အနေဖြင့် တရုတ်ခရီးသွားများကို ဗီဇာကင်းလွတ်ခွင့် မူဝါဒ တစ်ရပ်ကိုချမှတ်ရန်     စီစဉ်လျက်ရှိကြောင်း ဆင်ဟွာသတင်းတစ်ရပ်၏  ဇွန် ၂၈ ရက်က ရေး သားဖော်ပြထားချက်အရ သိရသည်။ 
လာအိုနိုင်ငံက စီစဉ်နေသည့် ဗီဇာကင်း လွတ်ခွင့် မူဝါဒသည် ခရီးသွား အေဂျင်စီများနှင့် အတူ လိုက်ပါလာသည့် တရုတ်ခရီးသွားများကို အဓိကထား ရည်ရွယ်ခြင်းဖြစ်သည်ဟု လာအို နိုင်ငံမှ ပြန်ကြားရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာ ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးDarany က ပြော ကြားခဲ့ကြောင်း သတင်းတွင် ဆက်လက်ဖော်ပြ ထားသည်။  
လာအိုနိုင်ငံ အစိုးရသည် နိုင်ငံတကာ ခရီး သွားဧည့်သည်များအား လာအိုနိုင်ငံအတွင်း နေ ထိုင်ခွင့်ကို ယခင်က ရက်ပေါင်း ၃၀ သတ်မှတ် ထားရာမှ ရက်ပေါင်း ၆၀ အထိ တိုးမြှင့်ပေးရန် လည်း စီစဉ်နေကြောင်း သိရသည်။ အဆိုပါကိစ္စ ကို လာအိုအစိုးရက အလျင်အမြန် အကောင် အထည်ဖော်သွားရန်   ကြိုးပမ်းနေကြောင်းနှင့် နိုင်ငံခြားသားအတွက် ခရီးသွားလာရန် ကောင်း မွန်သည့် နေရာများကို တိုးချဲ့သွားရန်လည်း စီစဉ် နေကြောင်း သိရသည်။
ထို့အပြင် ပြည်ပ ခရီးသွားဧည့်သည်များ အတွက် ခရီးသွားလာမှု ပိုမိုအဆင်ပြေ ချောမွေ့ စေရန်အတွက် လာအိုအစိုးရက ဖြတ်သန်းသွား လာနိုင်သော နေရာများတွင် လမ်းနှင့် အခြေခံ အဆောက်အအုံများကို  အဆင့်မြှင့်တင်ကာ နိုင်ငံ၏  လူသိများ ထင်ရှားသော နေရာများသို့ အလွယ်တကူ ဝင်ရောက်နိုင်သည့်လမ်းများ ပိုမို ကောင်းမွန်လာစေရန် အဆင့်မြှင့်ဆောင်ရွက် မှုများ လုပ်ဆောင်နေကြောင်း သိရသည်။
ယခုအချိန်တွင် တရုတ်နိုင်ငံနှင့် လာအို နိုင်ငံတို့ကို ဆက်သွယ်ထားသည့် မီးရထားလမ်း တစ်လျှောက်  နိုင်ငံတကာ ခရီးသွားလုပ်ငန်း ဆိုင်ရာ စံနှုန်းများနှင့်အညီ ဖွံ့ဖြိုးတိုးတက်စေရန် ရထားဖြတ်သန်းရာ လမ်းကြောင်းတစ်လျှောက် လူသိများ ထင်ရှားသည့် နေရာများတွင် လမ်းညွှန် ဆိုင်းဘုတ်များ တပ်ဆင်ရန်နှင့် အခြေခံအဆောက် အအုံများ  ယခုထက် ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် ပုဂ္ဂလိက  ရင်းနှီးမြှုပ်နှံသူများနှင့်လည်း ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 Source; Xinhua
စိုင်းဗညား