Main menu

Background

လျှပ်စစ်ကားများ ငါးမိနစ်အတွင်း အားအပြည့်နီးပါး သွင်းနိုင်မည့် ဘက်ထရီကို ဗြိတိန် စမ်းသပ်

Mon, 07/01/2024 - 16:24 -- journal_editor

လျှပ်စစ်ကား(EV) များကို အချိန် ငါးမိနစ် အတွင်း  အားအပြည့်နီးပါးသွင်းနိုင်မည့် နည်း ပညာသစ် ဘက်ထရီကို ဗြိတိန်က လက်တွေ့စမ်း သပ်နေပြီဖြစ်ကြောင်း Yahoo News  သတင်းတစ် ရပ်က ဇွန် ၂၈ ရက်တွင် ရေးသားဖော်ပြထားသည်။
Nyobolt  ကုမ္ပဏီသည် လျှပ်စစ်ကား (EV)  ဘက်ထရီများနှင့်ပတ်သက်ပြီး သုတေသနပြုကာ ထုတ်လုပ်နေသည့်    ကုမ္ပဏီတစ်ခုဖြစ်သည်။ Nyobolt ကုမ္ပဏီမှ   လက်ရှိ စမ်းသပ်နေသည့် ဘက်ထရီ နည်းပညာသည် ဘက်ထရီအား ၁၀ ရာခိုင်နှုန်းသာ ကျန်နေတော့သည့်  အခြေအနေမှ ကြာချိန် ၄ မိနစ်နှင့် ၃၇ စက္ကန့်အတွင်း၌ ၈၀ ရာခိုင် နှုန်းထိကို အားပြန်ဖြည့်နိုင်မည်ဖြစ်ကြောင်း  သိရ သည်။
လတ်တလောကာလတွင် အဆိုပါ နည်း ပညာကို အထူးပုံစံထုတ်ကာ တည်ဆောက်ထား သည့် concept  နမူနာ မော်ဒယ်ကားများဖြင့် စမ်း သပ်နေကြောင်း၊ ဘရန့်ဖို့ဒ်မြို့ရှိ ကားစမ်းသပ် မောင်းနှင်သည့် ကွင်းထဲ၌ Nyobolt ကုမ္ပဏီ၏ မြန်နှုန်းမြင့် အားသွင်းဘက်ထရီကို စမ်းသပ်နေ ကြောင်းနှင့် အဆိုပါစမ်းသပ်မှု၏ ရလဒ်များက လည်း  တိုးတက်ကောင်းမွန်နေကြောင်း  သိရ သည်။
လျှပ်စစ်ကား(EV) များထဲတွင် နာမည် အကြီးဆုံးဖြစ်သည့်Telsa ၏ လက်ရှိ အသုံးပြု နေသောsupercharger  နည်းပညာသည် ၈၀ ရာခိုင်နှုန်းခန့် အားပြန်ဖြည့်နိုင်ရန်အတွက် ကြာ ချိန် ၁၅ မိနစ်နှင့် မိနစ် ၂၀ နီးပါးရှိကြောင်း သိရ သည်။ သို့သော် လက်ရှိစမ်းသပ်နေသည့် Nyobolt  ၏ နည်းပညာမြင့် ဘက်ထရီမှာ သုည ရာခိုင်နှုန်းမှ ၁၀ဝ ရာခိုင်နှုန်း    အားအပြည့်သွင်းနိုင်ရန်မှာ ကြာချိန် ၆ မိနစ်ကျော်ခန့်သာ ရှိမည်ဖြစ်ကြောင်း သိရသည်။
Source; Yahoo News

စိုင်းဗညား