Main menu

Background

ကမ္ဘာ့ဈေးကွက်တွင် Nike ရှယ်ယာနှင့် ရောင်းအားများ ထိုးကျ

Mon, 07/01/2024 - 16:28 -- journal_editor

ကမ္ဘာကျော် နာမည်ကြီး အားကစားပစ္စည်းများ ထုတ်လုပ်သည့် Nike ၏ အစုရှယ်ယာများ သိသိသာသာ ကျဆင်းသွားခဲ့ကြောင်း ဘီဘီစီသတင်းတစ်ရပ်က ဇွန် ၂၈ ရက်တွင် ရေးသား ဖော်ပြထားသည်။ လက်ရှိအချိန်တွင် ကမ္ဘာကျော် အားကစားကုမ္ပဏီ Nike အတွက် ပြိုင်ဆိုင်မှု ပြင်းထန်နေသည့် အခြေအနေ အချိန်အခါသို့ ရောက်ရှိနေကြောင်းနှင့် Nike ၏ အဓိကပြိုင် ဘက်များမှာ On  နှင့် Hoka  ကဲ့သို့သော ပြိုင်ဘက်အသစ်များဖြစ်ကြောင်း သတင်းတွင် ဆက် လက် ဖော်ပြထားသည်။
ထို့ပြင် ဈေးကွက်အတွင်း ကြီးထွားလာသော ပြိုင်ဆိုင်မှုများနှင့် ရင်ဆိုင်နေရခြင်းကြောင့် သုံးလပတ်ဝင်ငွေတွင် အံ့အားသင့်ဖွယ် ၁၀ ရာခိုင်နှုန်းအထိပင် ကျဆင်းသွားကြောင်း Nike မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။ Nike ရှယ်ယာများ သိသိသာသာ ကျဆင်းသွားချိန်နှင့်  တစ်ပြိုင်တည်းတွင် ဇွန် ၂၈ ရက်က ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်ခဲ့မှုမှာ ဈေးကွက်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံအထိပင် ရှိနိုင် သည်ဟုဆိုသည်။ 
Nike က ထုတ်လုပ်သည့် အားကစားဝတ်စုံများသည်လည်း တရုတ်နိုင်ငံ အပါအဝင် နိုင်ငံတကာဈေးကွက်များတွင် ဝယ်လိုအားများ ကျဆင်းလာသည်ဟု ရင်းနှီးမြှုပ်နှံသူများက ပြောဆိုလာကြသည်။ သို့သော် ပါရီမြို့ရှိ အိုလံပစ်အားကစားပြိုင်ပွဲတွင် ထုတ်ကုန်အသစ်များနှင့် ဈေးကွက်ရှာဖွေရေး ကမ်ပိန်းတစ်ခုသည် ကုမ္ပဏီအား စားသုံးသူများနှင့် အရှိန်ပြန်ရစေရန် ကူညီပေးလိမ့်မည်ဟု Nike ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူl John Donahoeက အကောင်းမြင် ထားသည်။ ငြုန သည် လက်ရှိအချိန်တွင် ဂျာမနီနိုင်ငံ၌ ကျင်းပနေသည့် ၂၀၂၄ ဥရောပဖလား ဘောလုံးပြိုင်ပွဲတွင် ဂျာစီများကို ထိပ်တန်းစပွန်ဆာအဖြစ် ပေးဆောင်လျက်ရှိနေပြီး ယင်းမှာ ဗိငျေိ နှင့် ဏကော ကဲ့သို့သော ထိပ်တန်းအမှတ်တံဆိပ်များကို ကျော်ဖြတ်နိုင်ခဲ့သည်။ 
Source; BBC

စိုင်းဗညား