Main menu

Background

တရုတ်-တောင်အာရှ ကုန်စည်ပြပွဲက ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးနိုင်ခဲ့

Wed, 08/07/2024 - 10:58 -- journal_editor

တရုတ်ပြည်သူ့သမ္မတနိုင်ငံ အနောက် တောင်ပိုင်း ယူနန်ပြည်နယ်ရှိ ကူမင်းမြို့၌ ဇူလိုင် ၂၃ ရက်မှ ၂၈ ရက်အထိ ဖွင့်လှစ်  ပြသခဲ့သည့် ရှစ်ကြိမ်မြောက် တရုတ်-တောင်အာရှ  ကုန်စည် ပြပွဲတွင် လာရောက်သူ ၂၀ဝ၀ ကျော်ကို ဆွဲဆောင် နိုင်ခဲ့ကြောင်း သြဂုတ် ၂ ရက်က ဆင်ဟွာသတင်း တစ်ရပ်၏ ရေးသားဖော်ပြချက်အရ သိရသည်။ 
တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ပြသခဲ့ သည့် အဆိုပါ ရှစ်ကြိမ်မြောက် တရုတ်-တောင် အာရှကုန်စည်ပြပွဲတွင် ဝင်ရောက်ပြသသူ ထက် ဝက်နီးပါးခန့်သည် တောင်အာရှနှင့် အရှေ့တောင် အာရှ ဒေသမှ ကုမ္ပဏီများဖြစ်ကြောင်း သိရသည်။ 
ဇူလိုင် ၂၃ ရက်မှ ၂၈ ရက်အထိ ပြသခဲ့သည့် ရှစ်ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည် ပြပွဲတွင် ဗိသုကာနည်းပညာများ၊ ကုန်ထုတ်လုပ် မှုများ၊ အစိမ်းရောင်စွမ်းအင်နှင့် ခေတ်မီစိုက်ပျိုး ရေး စသည်တို့အပါအဝင် အဓိကကျသော အခန်း ကဏ္ဍများဖြင့် ပြခန်းအမျိုးအစားပေါင်း ၁၅ ခုဖြင့် ဖွင့်လှစ်ပြသခဲ့ခြင်းဖြစ်သည်။ 
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ   ကော်ဖီ လုပ်ငန်းတစ်ခုကလည်း ပထမဆုံးအကြိမ်အဖြစ် ပြခန်းတစ်ခု ဝင်ရောက်ပြသခဲ့ရာ တရုတ်၏ ပထမ တန်းစား ကော်ဖီထုတ်လုပ်သည့် ယူနန်ပြည်နယ် ၏ တိုးတက်ဖွံ့ဖြိုးမှုအနေအထားကို ပြသလိုက် ခြင်းဖြစ်သည်ဟု သတင်းတွင် ဖော်ပြထားသည်။ ရှစ်ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည် ပြပွဲတွင် ကုမ္ပဏီပေါင်း ၁၆၀ ကျော်က ၎င်းတို့၏ ထုတ်ကုန်များကို ပြသခဲ့ကြခြင်းဖြစ်ကြောင်း သိရ သည်။  တရုတ်-တောင်အာရှ   ကုန်စည်ပြပွဲကို ၂၀၁၃ ခုနှစ်က  ကူမင်းမြို့၌ ပထမဆုံးအကြိမ် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။  အဆိုပါ ကုန်စည်ပြပွဲ စတင်ကျင်းပချိန်မှစ၍  ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီပေါင်း ၁၈၀ဝ၀ ကျော် ပါဝင်ပြသ ခဲ့ကြောင်း၊   ကုန်သွယ်မှုမှာ  အမေရိကန် ဒေါ်လာ ဘီလီယံ ၁၀ဝ ကျော် ရှိခဲ့ကြောင်းနှင့်  စီမံကိန်း ပေါင်း ၃၀ဝ၀ ကျော်ကို  လက်မှတ်ရေးထိုးနိုင်ခဲ့ ကြောင်း သိရသည်။ 
အဆိုပါ ပြပွဲသည် တရုတ်ပြည်သူ့သမ္မတ နိုင်ငံမှ  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် ယူနန်ပြည်နယ်အစိုးရတို့ ပူးပေါင်း ကျင်းပခြင်းဖြစ်ပြီး ယင်းကုန်စည်ပြပွဲသည် တရုတ် နှင့် တောင်အာရှနိုင်ငံများကြား စီးပွားရေးနှင့် ကုန်သွယ်ရေး   ဖလှယ်မှုများအတွက် လွန်စွာ အရေးကြီးသော     ပြပွဲတစ်ခုလည်းဖြစ်ကြောင်း သိရသည်။                           
Source; Xinhua

 

စိုင်းဗညား