Main menu

Background

၂၀၃၀ ပြည့်နှစ်တွင် နိုင်ငံခြားကုန်သွယ်မှု ၄၀ ရာခိုင်နှုန်း တိုးတက်ရန် တရုတ်ရည်မှန်းထား

Wed, 08/07/2024 - 11:01 -- journal_editor

တရုတ်နိုင်ငံသည် လာမည့် ၂၀၃၀ ပြည့်နှစ်တွင် နိုင်ငံခြားကုန်သွယ်မှု ၄၀ ရာခိုင်နှုန်းတိုးတက်ရန် လွတ် လပ်သော ကုန်သွယ်မှု နယ်မြေများကွန်ရက် (Free Trade Areas-FTAsက မျှော်မှန်းထားကြောင်း ဆင်ဟွာ သတင်းတစ်ရပ်၏ သြဂုတ် ၂ ရက်တွင် ရေးသားဖော်ပြ ထားချက်အရ သိရသည်။
တရုတ်နိုင်ငံသည် ၎င်းတို့၏ လွတ်လပ်သော ကုန် သွယ်မှုနယ်မြေများကွန်ရက် (FTAs) သည် ၂၀၃၀ ပြည့် နှစ်တွင် စုစုပေါင်း နိုင်ငံခြားကုန်သွယ်မှု၏ ၄၀ ရာခိုင် နှုန်းတိုးတက်လာရန် သေချာစေရေးအတွက် ကြိုးပမ်း သွားမည်ဖြစ်ကြောင်း ထိပ်တန်းတာဝန်ရှိသူတစ်ဦးက သြဂုတ် ၂ ရက်တွင် ပြောကြားခဲ့သည်ဟု သတင်းတွင် ဆက်လက်ဖော်ပြထားသည်။
စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၏ နိုင်ငံတကာ ကုန်သွယ်မှုဆိုင်ရာ လက်ထောက် ကိုယ်စားလှယ်Li Yongjie  က တရုတ်နိုင်ငံသည် ၎င်း တို့၏ ကမ္ဘာလုံးဆိုင်ရာ စံနှုန်းမြင့်သော A Free Trade Agreement - FTAs) ကွန်ရက်ကို ပိုမိုချဲ့ထွင်ကာ နိုင်ငံ နှင့်  ဒေသများကို ပိုမိုကျယ်ပြန့်စွာ လွှမ်းခြုံနိုင်စေရန် ပြုလုပ်သွားမည်ဖြစ်ကြောင်း သြဂုတ် ၂ ရက်က ပြုလုပ်ခဲ့ သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် ယခုအချိန်အထိ နိုင်ငံနှင့် ဒေသပေါင်း ၂၉ နိုင်ငံနှင့်  လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူညီချက် ၂၂ ချက်ကို လက်မှတ်ရေးထိုး ထားနိုင်ခဲ့ပြီး  နိုင်ငံခြားကုန်သွယ်မှု၏ သုံးပုံတစ်ပုံကို ရရှိထားခြင်းဖြစ်ကြောင်း သိရသည်။
ပစိဖိတ်ဖြတ်ကျော် မိတ်ဖက်ဆက်ဆံရေးအတွက် ဘက်စုံတိုးတက်ရေး သဘောတူစာချုပ် ((CPTPP) တွင် တရုတ်-အာဆီယံ FTA ဗားရှင်း 3.0ကို အစောဆုံး အဆုံးသတ်ကာFTA  ကို တရုတ်၊ ဂျပန်နှင့် တောင်ကိုရီး ယား နိုင်ငံတို့အကြား မြှင့်တင်ရန် ကတိပြုခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ နိုင်ငံတကာ ကုန်သွယ်မှုဆိုင်ရာ လက်ထောက်ကိုယ်စား လှယ်Li Yongjie က ဆက်လက်ပြောဆိုခဲ့သည်။ 
ငွှ်္ဗ အသစ်များ ထူထောင်ရာတွင် တရုတ်နိုင်ငံ သည် အကောက်ခွန်မဲ့ ကုန်ပစ္စည်းစာရင်းကို ချဲ့ထွင်ကာ တယ်လီကွန်း၊ ဆေးဘက်ဆိုင်ရာ စောင့်ရှောက်မှုနှင့် ခရီးသွားလုပ်ငန်းကဏ္ဍများကို  တိုးချဲ့ပြီး ဒစ်ဂျစ်တယ် စီးပွားရေး၊ အစိမ်းရောင် စီးပွားရေး၊ Óဏပစ္စည်း မူပိုင် ခွင့်နှင့် စံနှုန်းများကို အပြန်အလှန် အသိအမှတ်ပြုမှုတို့ ပါဝင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
 Source; Xinhua

 

စိုင်းဗညား