Main menu

Background

အင်တယ်လ်၏ စတော့ဈေးကွက်များ လျော့ကျလာ

Wed, 08/07/2024 - 11:04 -- journal_editor

အမေရိကန် ချစ်ပ်ထုတ်လုပ်သည့်Intel ၏ စတော့ဈေးကွက်များ လျော့နည်း ကျဆင်းလာသဖြင့် ဝန်ထမ်းပေါင်း ၁၅၀ဝ၀ ကို အလုပ်မှ ရပ်နားရန် စီစဉ်ခဲ့ကြောင်း ဘီဘီစီသတင်းတစ်ရပ်က သြဂုတ် ၂ ရက်တွင် ရေးသားဖော်ပြထားသည်။
Intel ကုမ္ပဏီသည် ဝန်ထမ်းပေါင်း ၁၅၀ဝ၀ ကို လျှော့ချရန် သြဂုတ် ၂ ရက်က ထုတ်ဖော်ပြောဆိုလိုက်ခြင်းဖြစ်သည်ဟု သတင်းတွင် ဆက်လက်ဖော်ပြထားသည်။ ှုညအနူ ကုမ္ပဏီက ထိုကဲ့သို့ ကြေညာပြီးနောက် ကုမ္ပဏီတွင် ရှယ်ယာများ ၂၀ ရာခိုင် နှုန်းအထိ ထိုးဆင်းသွားကာ အရောင်းလည်း ကျဆင်းသွားကြောင်း သိရသည်။
Intel၏ ယခုသတင်းသည် အခြားသော နည်းပညာကုမ္ပဏီကြီးများကိုလည်း ရိုက်ခတ်မှုရှိနေပြီး အခြားသော ရှယ်ယာများကိုပါ ထိခိုက်စေခဲ့ကြောင်းနှင့် အာရှ  စတော့ဈေးကွက်များတွင်လည်း ရှယ်ယာများ သိသိသာသာ ကျဆင်းသွားခဲ့ကြောင်း သိရသည်။
ဂျပန်၏ Nikkei ရှယ်ယာအညွှန်းကိန်းသည် ၅ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်း ခဲ့ပြီး ကိုဗစ်ကပ်ရောဂါစတင်ချိန် ၂၀၂၀ ပြည့်နှစ် မတ်လနောက်ပိုင်းတွင် အကြီး မားဆုံးသော ကျဆင်းမှုဖြစ်ကာ ဂျပန်နည်းပညာကုမ္ပဏီများသည် အကြီးမားဆုံး အရှုံးခံသူများထဲတွင် ပါဝင်လာခဲ့ကြသည်။
အမေရိကန် ကုန်ထုတ်လုပ်ငန်းကုမ္ပဏီများ၏ စစ်တမ်းတစ်ခုက စီးပွားရေး အားနည်းလာမည်ကို စိုးရိမ်မှုများ ဖြစ်ပေါ်စေပြီး သြဂုတ် ၂ ရက်နောက်ပိုင်းတွင် ထွက်ရှိမည့် နောက်ဆုံး အမေရိကန် အလုပ်အကိုင် ကိန်းဂဏန်းများကို စိတ်ဝင် စားမှု တိုးလာစေခဲ့သည်။
အမေရိကန်ရှိ အဓိက ရှယ်ယာအညွှန်းကိန်း သုံးခုသည် သြဂုတ် ၂ ရက်တွင် နိမ့်ကျခဲ့ပြီး Amazon အပါအဝင် နာမည်ကြီး ရှယ်ယာများလည်း နာရီပိုင်းအတွင်း ကုန်သွယ်မှု ဆက်လက်ကျဆင်းခဲ့ကြောင်း သိရသည်။ e-commerce  ကုမ္ပဏီကြီး သည် အမေရိကန်ဒေါ်လာ ၁၄၈ ဘီလီယံအထိ ရောင်းအား ၁၀ ရာခိုင်နှုန်း တက် လာပြီး Amazon ၏ ရှယ်ယာများသည် ၄ ရာခိုင်နှုန်းကျော် ကျဆင်းသွားသည်။
 ှသကမခနး ဃြ