နယ်သာလန်နိုင်ငံမှ Elysian ကုမ္ပဏီက ခရီးသည် ၉၀ တင်ဆောင် နိုင်ပြီး မိုင် ၅၀ဝ အထိ ပျံသန်းနိုင်သည့် E9X လျှပ်စစ်လေယာဉ်ကို တီထွင် ထုတ်လုပ်နိုင်တော့မည် ဖြစ်ကြောင်း Airport Technology သတင်းဌာနက သြဂုတ် ၂၉ ရက်တွင် ရေးသားဖော်ပြ ထားသည်။
ယနေ့ခေတ်တွင် ကမ္ဘာပေါ်၌ လျှပ်စစ်မော်တော်ကားများစွာ ထုတ် လုပ်လာနိုင်ခဲ့ပြီဖြစ်သော်လည်း လျှပ်စစ် လေယာဉ်များကိုမူ များများစားစား တီထွင်ထုတ်လုပ်နိုင်မှု မရှိသေးပေ။ လျှပ်စစ်မော်တော်ကားများ ထုတ်လုပ် ရာတွင် လွယ်ကူမှုရှိမည် ဖြစ်သော် လည်း လျှပ်စစ်လေယာဉ်များကို တည် ဆောက်ရာတွင်မူ အခက်အခဲပေါင်း များစွာကို ရင်ဆိုင်ရမည်ဖြစ်သည်။
နည်းပညာထွန်းကားသည့် နိုင်ငံ များထဲမှ တစ်နိုင်ငံဖြစ်သည့် နယ်သာ လန်နိုင်ငံမှ Elysian ကုမ္ပဏီသည် စွမ်းရည်မြင့်မားသော E9Xလျှပ်စစ် လေယာဉ်ကို တည်ဆောက်ရန် စီစဉ် ထားကြောင်း သိရသည်။ Elysian ကုမ္ပဏီမှ တည်ဆောက်မည့် လေယာဉ် သည် အရွယ်အစား ကြီးမားသည့် လျှပ်စစ် လေယာဉ်ဖြစ်ပြီး ခရီးသည် စုစုပေါင်း ၉၀ ကို တင်ဆောင်နိုင်မည်ဟု ဆိုသည်။
အဆိုပါ လျှပ်စစ်လေယာဉ်သည် အားအပြည့် သွင်းထားပါက မိုင် ၅၀ဝ (၈၀၅ ကီလိုမီတာ) မောင်းနှင် ပျံသန်း နိုင်မည်ကြောင်းနှင့် နောက်ဆယ်စုနှစ် အတွင်း စီးပွားဖြစ်ပြေးဆွဲနိုင်ရန် မျှော် လင့်ထားကြောင်း သိရသည်။ ယင်း လေယာဉ်သည် ကာဘွန်ဒိုင်အောက် ဆိုက် ထုတ်လွှင့်မှုကို ၉၀ ရာခိုင်နှုန်း အထိ လျှော့ချနိုင်မည်ဖြစ်ကြောင်း သိရ သည်။
E9Xလျှပ်စစ် လေယာဉ်၏ တောင်ပံအရှည်မှာ ၁၃၈ ပေ(၄၂ မီတာ) ရှိကြောင်း၊ ယင်းမှာ Boeing 737 နှင့် Airbus A320 ထက်ပင် ပိုမို ကြီးမားကြောင်း၊ Elysian ကုမ္ပဏီက သုံးနှစ်အတွင်း နမူနာ မော်ဒယ်နှင့် ၂၀၃၀ ပြည့်နှစ်တွင် စွမ်းရည်ပြည့် မော် ဒယ်ကို တည်ဆောက်ပျံသန်းနိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း သိရ သည်။ E9Xလျှပ်စစ် လေယာဉ်၏ အကောင်းဆုံး အားသာချက်က လေယာဉ်ကို အားအပြည့်သွင်းရန် အချိန် ၄၅ မိနစ်သာ ကြာမြင့်မည်ဖြစ်ပြီး လျှပ်စစ်လေယာဉ် ဖြစ်ခြင်းကြောင့် အသံဆူညံမှု မရှိသကဲ့သို့ ကာဘွန်ဒိုင် အောက်ဆိုက် ထုတ်လွှင့်မှုလည်း မရှိ ကြောင်း သိရသည်။
Source; Airport Technology
စိုင်းဗညား