Main menu

Background

အေအိုင်ချစ်ပ်ကုမ္ပဏီ Nvidia ရှယ်ယာများ ကျဆင်း

Mon, 09/02/2024 - 12:39 -- journal_editor

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ဆန်တာကလဲ ရားအခြေစိုက် ဉာဏ်ရည်တု (AI) ချစ်ပ်ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Nvidia  သည် ရောင်းအားကောင်းလာသော်လည်း ရှယ်ယာများ ကျဆင်းသွားခဲ့ ကြောင်း ဘီဘီစီသတင်းဌာန၏ သြဂုတ် ၂၉ ရက်တွင် ရေးသားဖော်ပြချက်အရ သိရသည်။  Nvidia သည် ၂၀၂၄ ခုနှစ် သုံးလတာကာလအတွင်း စံချိန်တင် ဝင်ငွေ အမေရိကန်ဒေါ်လာ ဘီလီယံ ၃၀ (ပေါင် ၂၄ ဒသမ ၇ ဘီလီယံ) ရရှိခဲ့ ကြောင်း ကြေညာခဲ့သော်လည်း တစ်ဖက်တွင် ရှယ်ယာများ ကျဆင်းခဲ့သည်ဟု ဆိုသည်။
Nvidia  ကုမ္ပဏီသည် AI boom ၏ အကြီးမားဆုံး အကျိုးခံစားခွင့်များ အနက်  တစ်ခုဖြစ်ပြီး ၎င်း၏ စတော့ဈေးကွက်တန်ဖိုးသည် ဒေါ်လာ ၃ ထရီ လီယံကျော်အထိ မြင့်တက်လာခဲ့သည်။ သို့သော် Nvidia သည် အံ့မခန်းသော ရောင်းအားတိုးတက်မှု ရှိခဲ့သော်လည်း နောက်ဆုံးရလဒ်များအရ တိုးတက် မှုနှုန်းသည် နှေးကွေးလာသည်ဟု Panmure Liberum  မှ သုတေသနအကြီး အကဲ  ှ Simon French  က ပြောကြားခဲ့သည်။ ဈေးကွက် အကဲခတ်သူများက လာမည့် သုံးလတာကာလအတွင်း ရောင်းအားမှာ အမေရိကန်ဒေါ်လာ ၂၈ ဒသမ ၇ ဘီလီယံအထိ တိုးလာမည်ဟု ခန့်မှန်းထားကြသည်။
Nvidia ၏ ရောင်းအားမှာ သိသိသာသာ တိုးတက်လာသော်လည်း ၎င်း၏ရှယ်ယာဈေးမှာ နယူးယောက်တွင် နာရီပိုင်းအတွင်း ၆ ရာခိုင်နှုန်း ကျဆင်းသွားသည်ဟုဆိုသည်။Hargreaves Lansdown မှ အကြီးတန်း အစု ရှယ်ယာ ခွဲခြမ်းစိတ်ဖြာသူ Matt Britzman ကNvidia  ၏ ရောင်းအားမှာ စိတ်ဝင်စားစရာ ကောင်းနေပြီး ရှယ်ယာတန်ဖိုးကိုမူ ဆက်လက်စောင့်ကြည့် ရမည်ဖြစ်ကြောင်း ပြောဆိုထားသည်။
Nvidia  ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူJensen Huangu Gener- ative AI သည် စက်မှုလုပ်ငန်းတိုင်းကို ပြောင်းလဲစေနိုင်လိမ့်မည်ဟု ပြောခဲ့ သည်။ Hopper ဟုခေါ်သော ၎င်း၏ လက်ရှိ AI ချစ်ပ်ပြားသည် ရောင်း အားကောင်းနေချိန်တွင်Blackwell  ချစ်ပ်များသည် ထုတ်လုပ်မှု နှောင့်နှေး ခြင်းများနှင့် ရင်ဆိုင်နေရပြီး နာရီပေါင်းများစွာ ကြာပြီးနောက် Wall Street  စတော့ရှယ်ယာများ  ရောင်းချရသည့်  အကြောင်းရင်းတစ်ခုလည်း ဖြစ် ကောင်းဖြစ်နိုင်သည်ဟု ၎င်းက ပြောခဲ့သည်။                      

Source; BBC

 

စိုင်းဗညား