Main menu

Background

အီးဗွီအခွန် စည်းကြပ်ပြီးနောက် အီးယူထုတ်ကုန်များအပေါ် တရုတ်နိုင်ငံ စုံစမ်းစစ်ဆေးမှုများပြုလုပ်

Mon, 09/02/2024 - 12:40 -- journal_editor

တရုတ်နိုင်ငံထုတ်  အီးဗွီ မော်တော်ကားများအပေါ် အခွန်စည်းကြပ်ပြီးနောက် အီးယူ ထုတ်ကုန်များအပေါ်ကို လည်း တရုတ်က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း ရိုက်တာသတင်းဌာနက သြဂုတ် ၂၉ ရက်တွင် ရေးသား ဖော်ပြထားသည်။
တရုတ်နိုင်ငံသည် ဥရောပသမဂ္ဂမှ တင်သွင်းလာသော နို့ထွက်ပစ္စည်းများအတွက် စုံစမ်းစစ်ဆေးမှုကို စတင်ခဲ့ပြီး ဘရပ်ဆဲလ်မှ ပြန်လည်ပြင်ဆင်သည့် ဆုံးဖြတ်ချက်မူကြမ်းကို ထုတ်ပြန်ပြီးနောက် တစ်ရက်အကြာတွင် တရုတ်နှင့် အီးယူ တို့၏ တင်းမာမှုများက မြင့်တက်လာခဲ့သည်။ 
သြဂုတ် ၂၈ ရက်တွင် တရုတ်နိုင်ငံ၏ ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ ကြေညာထားသော နို့ထွက်ပစ္စည်း ဆိုင်ရာ ထောက်ပံ့ကူညီမှု တိုက်ဖျက်ရေး စုံစမ်းစစ်ဆေးမှုတွင် လူသားများစားသုံးရန် ရည်ရွယ်ထားသည့် ဒိန်ခဲ၊ နို့နှင့် ခရင်မ် အမျိုးမျိုးကို အဓိကထား လုပ်ဆောင်နေကြောင်း သိရသည်။ ထိုသို့ လုပ်ဆောင်ရန်အတွက် တရုတ်နိုင်ငံ၏ နို့ထွက်ပစ္စည်း အသင်းနှင့် နို့ထွက်ပစ္စည်းလုပ်ငန်းအသင်းတို့က ပြည်တွင်းနို့ ထွက်ပစ္စည်း လုပ်ငန်းကိုယ်စား ဇူလိုင် ၂၉ ရက်ကပင် တင်ပြ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားခြင်း ဖြစ်သည်။
အထူးသဖြင့် သြစတြီးယားနိုင်ငံ၊ ဘယ်လ်ဂျီယံနိုင်ငံ၊ ခရိုအေးရှားနိုင်ငံ၊ ချက်သမ္မတနိုင်ငံ၊ ဖင်လန်နိုင်ငံ၊ အီတလီ နိုင်ငံ၊ အိုင်ယာလန်နိုင်ငံနှင့် ရိုမေးနီးယားနိုင်ငံတို့မှ ထောက်ပံ့ ကြေး အစီအစဉ် ၂၀ ကို တရုတ်နိုင်ငံက စစ်ဆေးမည်ဖြစ် ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အီးယူသည် တရုတ်နိုင်ငံ၏ ဒုတိယအကြီးဆုံး နို့ထွက်  ပစ္စည်းအရင်းအမြစ်ဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင် တင်သွင်းမှု စုစု ပေါင်းတန်ဖိုး၏ ၃၆ ရာခိုင်နှုန်းရှိသည်။ အီးယူသည် နို့ထွက် ပစ္စည်း ထုတ်ကုန်များတွင် ၂၀၂၃ ခုနှစ်အတွင်း တရုတ်နိုင်ငံ သို့ ယူရို ၁ ဒသမ ၇ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၈ ဘီလီယံ)  တင်ပို့ခဲ့ကြောင်း ဥရောပကော်မရှင်၏ အချက် အလက်များအရ သိရသည်။                     

Source; Reuters

စိုင်းဗညား