Main menu

Background

BYD လျှပ်စစ်ကားကုမ္ပဏီတွင် ဝန်ထမ်းပေါင်း ကိုးသိန်းကျော်အထိရှိနေ ကမ္ဘာပေါ်တွင် ဝန်ထမ်းအများဆုံး မော်တော်ကားကုမ္ပဏီအဖြစ် ရပ်တည်

Mon, 10/07/2024 - 16:05 -- journal_editor

တရုတ်နိုင်ငံမှ လျှပ်စစ်မော်တော်ကား ကုမ္ပဏီကြီးတစ်ခု ဖြစ်သည့်BYD သည် ဝန်ထမ်းအင်အား စုစုပေါင်း ကိုးသိန်းကျော်အထိ ရှိနေခြင်း ကြောင့် ကမ္ဘာပေါ်တွင် ဝန်ထမ်းအများဆုံး မော်တော်ကားကုမ္ပဏီအဖြစ် ရပ်တည်နေကြောင်း CnEVPost ၏ အောက်တိုဘာ ၃ ရက် သတင်းဖော်ပြ ချက်အရ သိရသည်။
ဝန်ထမ်းအင်အား စုစုပေါင်း ကိုးသိန်းကျော် ဆိုသည်မှာ တရုတ်နိုင်ငံရှိ ထိပ်တန်းစာရင်းဝင် ကုမ္ပဏီကြီးပေါင်း ၅၃၀ဝ ကျော်အနက် မည်သည့်ကုမ္ပဏီ  ထက်မဆို ဝန်ထမ်းများပြားသည့် ပမာဏဖြစ်ကြောင်း၊ ြီ့ သည် တရုတ် နိုင်ငံရှိ ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီးများစာရင်းတွင် ထိပ်ဆုံး၌ ရပ်တည် နေပြီး ဒုတိယနေရာတွင် ရပ်တည်နေသည့် ကုမ္ပဏီထက် ဝန်ထမ်းအင်အား လေးသိန်းခန့်ပင် ပိုမိုနေကြောင်း သိရသည်။BYD ၏ လက်ရှိ ဝန်ထမ်းအင် အား အတိအကျကို ပြောရမည်ဆိုလျှင် ၉၀ဝ၆၀၈ ဦးဖြစ်ကြောင်းBYD မှ ထိပ်တန်းတာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိBYD တွင် တာဝန်ထမ်းဆောင်နေသည့် စုစုပေါင်း ဝန်ထမ်း အင်အားအနက် ၁၁၀ဝ၀ဝ ခန့်မှာ နည်းပညာပိုင်း၊ သုတေသနနှင့် ဖွံ့ဖြိုးရေး ဌာနတို့တွင် တာဝန်ထမ်းဆောင်လျက်ရှိကြောင်း၊BYD  သည် လွန်ခဲ့သည့် နှစ်နှစ်တာအတွင်း ကောလိပ်ကျောင်းဆင်းစ လူငယ်ပေါင်း ငါးသောင်းနီးပါး ကို အလုပ်ခန့်ထားခဲ့ကြောင်း၊BYD   သည် ကမ္ဘာပေါ်တွင် ျွရီ ဝန်ထမ်း အများဆုံး မော်တော်ကားထုတ်လုပ်သူဖြစ်ကြောင်း သတင်းတွင် ဆက်လက် ဖော်ပြထားသည်။
BYD Group ၏ စီးပွားရေးလုပ်ငန်းများတွင် မော်တော်ကား ထုတ် လုပ်မှု၊ ဘက်ထရီ၊ အိမ်သုံးလျှပ်စစ်ပစ္စည်းနှင့် ရထားပို့ဆောင်ရေး စသည်တို့  ပါဝင်ကြောင်းနှင့် မော်တော်ကား အမှတ်တံဆိပ်များအဖြစ် BYD? Denza? Fang Cheng Bao နှင့် Yangwangတို့ကို မြင်တွေ့ရမည် ဖြစ်သည်။ ြီ့ သည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်း လျှပ်စစ်ကား အစီးရေ ၃၀၂၄၄၁၇စီး ရောင်းချခဲ့ရခြင်းကြောင့် နှစ်အလိုက် နှိုင်းယှဉ်ပါက ၎င်းတို့၏ လျှပ်စစ်ကား ရောင်းအားမှာ ၆၂ ဒသမ ၃ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်။
Source; CnEVpost

စိုင်းဗညား