Main menu

Background

လျှပ်စစ်ကားများအပေါ် ဥရောပသမဂ္ဂ၏ စည်းကြပ်ခွန်သတ်မှတ်ချက်ကို တရုတ် လက်သင့်မခံ

Tue, 11/05/2024 - 13:53 -- journal_editor

တရုတ်နိုင်ငံထုတ် လျှပ်စစ်ကား(EV) များအပေါ် ထပ် တိုး စည်းကြပ်ခွန်များ သတ်မှတ်လိုက်သည့် ဥရောပသမဂ္ဂ၏ ဆုံးဖြတ်ချက်ကို တရုတ်နိုင်ငံအနေဖြင့် သဘောတူလက်ခံခြင်း မရှိကြောင်း အောက်တိုဘာ ၃၀ ရက်တွင် တရုတ် စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် တစ်ဦးက ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းတစ်ရပ်က ရေးသားဖော်ပြထားသည်။ 
ဥရောပသမဂ္ဂ၏    တရုတ်လျှပ်စစ်ကားများအား အထောက်အပံ့ရယူမှု တိုက်ဖျက်ရေးဆိုင်ရာ စုံစမ်းစစ်ဆေး မှုသည် လျော်ကန်မှု မရှိသကဲ့သို့ စည်းမျဉ်းနှင့်လည်း မညီ ကြောင်း၊ ယင်းမှာ ကိုယ်ကျိုးစီးပွား  ကာကွယ်ရေး အစီအမံ တစ်ခုသာဖြစ်ကြောင်း တရုတ်နိုင်ငံဘက်က တုံ့ပြန်ထားခြင်း ဖြစ်သည်။
တရုတ်နိုင်ငံသည် အဆိုပါကိစ္စရပ်နှင့် ပတ်သက်၍ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့WTO)၏ အငြင်းပွားမှုဖြေရှင်းရေး ယန္တရားထံ တင်ပြထားပြီးဖြစ်ကြောင်း၊  တရုတ်စီးပွားရေး လုပ်ငန်းများ၏ တရားဝင် အခွင့်အရေးများနှင့် အကျိုးစီးပွား များကို ကာကွယ်စောင့်ရှောက်ရန် လိုအပ်သော အစီအမံ အားလုံးကိုလည်း မိမိတို့ဘက်က ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။
ဥရောပသမဂ္ဂသည် တရုတ်နိုင်ငံထုတ် လျှပ်စစ်ကား များနှင့်  ပတ်သက်၍ လက်ရှိအချိန်တွင် နှုန်းထားညှိနှိုင်း ဖြေရှင်းရေးအတွက်  ဆွေးနွေးမှုများ လုပ်ဆောင်လာဖွယ် ရှိနေကြောင်း၊ တရုတ်နိုင်ငံဘက်ကလည်း  ကုန်သွယ်ရေး အငြင်းပွားမှုများကို အပြန်အလှန် ဆွေးနွေးညှိနှိုင်းခြင်းဖြင့် ဖြေရှင်းရန် ကြိုးပမ်းခဲ့ကြောင်း သိရသည်။ 
ဥရောပသမဂ္ဂအနေဖြင့်  လက်တွေ့ကျကျ ကိုင်တွယ် ဆောင်ရွက်ရေး၊ ဟန်ချက်ထိန်းညှိရေး မူဝါဒများကို ကျင့်သုံး ခြင်းဖြင့်  နှစ်ဖက်ကိစ္စရပ်များကို အပြန်အလှန် ထည့်သွင်း စဉ်းစားပြီး အပြုသဘောဖြင့် လက်တွဲလုပ်ဆောင်ကာ ကုန် သွယ်ရေး ပဋိပက္ခများ အရှိန်မြင့်တက်မလာအောင် တားဆီး ရန်   နှစ်ဖက်လုံးက လက်ခံနိုင်သော ဖြေရှင်းနည်းတစ်ရပ် မကြာမီကာလတွင် ရရှိနိုင်မည်ကို တရုတ်နိုင်ငံက ယုံကြည် နေကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေး ဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ်က ပြောခဲ့သည်။ 
Source; Xinhua

စိုင်းဗညား