Main menu

Background

တရုတ်ယွမ်ငွေတန်ဖိုး စံချိန်တင် ကျဆင်းဖွယ်ရှိဟု ရင်းနှီးမြှုပ်နှံမှုဘဏ်များ ခန့်မှန်း

Wed, 12/04/2024 - 11:41 -- journal_editor

အမေရိကန်  ပြည်ထောင်စု၏ အကောက်ခွန် ခြိမ်းခြောက်မှု မြင့်တက် လာခြင်းကြောင့် တရုတ်ယွမ်ငွေ တန်ဖိုး မှာ စံချိန်တင် အနိမ့်ဆုံးသို့ ကျဆင်းလာ ဖွယ် ရှိနေကြောင်း ရင်းနှီးမြှုပ်နှံမှုဘဏ် များက ခန့်မှန်းထားသည်ဟု CNBC သတင်းဌာနက နိုဝင်ဘာ ၂၉ ရက်တွင် ရေးသား ဖော်ပြထားသည်။ အမေရိကန်  ပြည်ထောင်စု၏ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့် ၏ အခွန်စည်းကြပ်ရေး ခြိမ်းခြောက်မှုနှင့် အတူ တရုတ်ယ.အဓိက  ရင်းနှီးမြှုပ်နှံမှု  ဘဏ်များနှင့် သုတေသနကုမ္ပဏီအဖွဲ့အစည်း ၁၃ ခုက ခန့်မှန်း  တွက်ချက်ထားခြင်းဖြစ် သည်။ ထို့ပြင် ယင်းအနေအထားမှာ ၂၀ဝ၄ ခုနှစ်နောက်ပိုင်း  အမေရိကန် ဒေါ်လာနှင့်  တရုတ်ယွမ်တို့  ကွာဟမှု အမြင့်ဆုံးအဆင့်သို့ ရောက်ရှိလာဖွယ် ရှိနေသည်ဟု ဆိုသည်။
အမေရိကန်    ရွေးကောက်ခံ သမ္မတလောင်း   ဒေါ်နယ်ထရန့်သည် အမေရိကန်သို့     ရောက်ရှိလာသော တရုတ်ကုန်ပစ္စည်းများ အားလုံးအပေါ် စည်းကြပ်ခွန် ၁၀ ရာခိုင်နှုန်း    ထပ်မံ တိုးမြှင့်     ကောက်ခံမည်ဖြစ်ကြောင်း နိုဝင်ဘာ ၂၅ ရက်က ၎င်း၏ လူမှုကွန် ရက်ပလက်ဖောင်းတွင် ရေးသားဖော်ပြ ခဲ့သည်။  အမေရိကန်  ရွေးကောက်ခံ သမ္မတလောင်း ဒေါ်နယ်ထရန့်သည် ရွေးကောက်ပွဲမဲဆွယ်ကာလက တရုတ် ကုန်ပစ္စည်းများအပေါ် အခွန်တိုးမြှင့် ကောက်ခံရန်     ကတိပြုထားပြီးဖြစ် သည်။
"အမေရိကန်ရဲ့ အကောက်ခွန် စည်းကြပ်မှုတွေက တခြားအရာတွေနဲ့ မတူဘဲ ဒေါ်လာတန်ဖိုးကို မြင့်တက် လာစေပါတယ်။    အမေရိကန်ပြည် ထောင်စုနဲ့ အနီးကပ် ကုန်သွယ်မှု ချိတ် ဆက်ထားတဲ့  စီးပွားရေးနိုင်ငံတွေရဲ့ ငွေကြေးတွေဟာ    စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရလိမ့်မယ်"ဟု Capital Economicsမှ  လက်ထောက်  ဈေး ကွက်   စီးပွားရေးပညာရှင်    Jonas Goltermann  က ပြောသည်။
ဒေါ်နယ်ထရန့်သည် ၎င်းကတိ ပြုထားသည့်အတိုင်း   တရုတ်ကုန် ပစ္စည်းများအပေါ်   ၆၀ ရာခိုင်နှုန်း အခွန် စည်းကြပ်မှုများ ရှိလာမည်ဆိုပါ က တရုတ်ယွမ်သည်လည်း ဒေါ်လာနှင့် နှိုင်းယှဉ်လျှင် ၈ ဒသမ ၄၂ အဆင့်သို့ပင် ရောက်ရှိသွားနိုင်သည်ဟု ခန့်မှန်းထား ကြသည်။                    

Source; CNBC