တရုတ်နိုင်ငံတွင် နိုဝင်ဘာ ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် ပြသခဲ့သည့် စီးပွားရေး ကုန်စည်ပြပွဲတွင် ခေတ်မီနည်းပညာ ဆန်းသစ်တီထွင်မှုများကို ထုတ်ဖော်ပြသနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ စီးပွားရေးကုန်စည်ပြပွဲတွင် တရုတ်နိုင်ငံ၏ ခေတ်မီနည်းပညာ ဆန်းသစ်တီထွင်မှုများကို ထုတ်ဖော်ပြသခဲ့ပြီး စက်မှုဖွံ့ဖြိုးတိုးတက်မှုအတွက် လမ်းညွှန်ချက်အသစ်များကိုလည်း သရုပ်ပြသနိုင်ခဲ့သည်။ ယင်းပြပွဲကို တရုတ်နိုင်ငံ အရှေ့ပိုင်း Zhejiang ပြည်နယ်Shaoxingတွင် ကျင်းပခဲ့ခြင်း ဖြစ်ရာ အဆိုပါ ပြပွဲတွင် ဒရုန်း ၅၀ဝ ကျော်၊ ဒေါင်လိုက် အတက်အဆင်းပြုလုပ် နိုင်သည့် လျှပ်စစ်လေယာဉ်ငယ်နှင့် ရဟတ်ယာဉ်များကို ပြသခဲ့ကြောင်း china Daily သတင်းဌာန၏ နိုဝင်ဘာ ၂၈ ရက် ရေးသားဖော်ပြချက်အရ သိရသည်။
ယင်းကုန်စည်ပြပွဲတွင် ပြသထားသော ထုတ်ကုန်သစ်များနှင့် နည်း ပညာများထဲတွင် ဆန်းသစ်တီထွင်ထားသည့် ဒရုန်းတစ်စင်းက ပြပွဲလာ ပရိသတ်များကိုဆွဲဆောင်နိုင်ခဲ့သည်။ အသစ်ပြသခဲ့သည့် ဒရုန်းသည် အချိန် ကြာမြင့်စွာ ပျံဝဲနိုင်မှု၊ အရေးပေါ်ဆက်သွယ်ရေး၊ မီးအလင်းရောင်နှင့် ယာဉ် အသွားအလာဆိုင်ရာ အကူအညီများတွင် အသုံးပြုရန် အလားအလာရှိနေ သည်။
တရုတ်နိုင်ငံ၏ ဒရုန်းစီးပွားရေးသည် ပိုမိုကျယ်ပြန့်လာပြီး ယခုနှစ် ကုန်ပိုင်းအထိ ယွမ် ၅၀ဝ ဘီလီယံ (ဒေါ်လာ ၆၉ ဒသမ ၅၂ ဘီလီယံ) ကျော် ရှိမည်ဟု ခန့်မှန်းထားပြီး လာမည့် ၂၀၃၀ ပြည့်နှစ်အရောက်တွင် နှစ်ထရီ လီယံအထိ တိုးလာဖွယ်ရှိကြောင်း တရုတ်နိုင်ငံ မြို့ပြလေကြောင်း စီမံခန့်ခွဲ ရေးမှ သိရသည်။
Source: China Daily
စိုင်းဗညား