Main menu

Background

တရုတ်နိုင်ငံထုတ် BYD ကြောင့် Tesla ရောရေးအားကျဆင်း

Tue, 01/07/2025 - 12:05 -- journal_editor

တရုတ်နိုင်ငံထုတ် BYD လျှပ်စစ် ကားများက ကမ္ဘာ့ဈေးကွက်သို့ အောင် မြင်စွာ  ထိုးဖောက်ပြီး လူကြိုက်များ လျက်ရှိခြင်းကြောင့် Teslaကားများ၏ ရောင်းအားမှာ ကျဆင်းလာကြောင်း ဘီဘီစီသတင်းဌာန၏ ဇန်နဝါရီ ၃ ရက် သတင်းဖော်ပြချက်အရ သိရသည်။
တရုတ်နိုင်ငံထုတ် BYD လျှပ်စစ် ကားများကို  လူကြိုက်များနေခြင်း ကြောင့်Telsa ကားများ၏ အရောင်း သည် ဆယ်စုနှစ် တစ်ခုကျော်အတွင်း ပထမဆုံးအကြိမ်  ကျဆင်းသွားခဲ့ခြင်း ဖြစ်ကြောင်းTesla မှ တာဝန်ရှိသူတစ်ဦး က ထုတ်ဖော်ပြောဆိုထားသည်။
Elon Musk ၏  Tesla သည် ၂၀၂၄ ခုနှစ်တွင် မော်တော်ကား အစီး ရေ ၁ ဒသမ ၇၉ သန်းနီးပါး   တင်ပို့ ရောင်းချနိုင်ခဲ့ပြီး ၂၀၂၃ ခုနှစ်တွင်မူ ၁ ဒသမ ၈ သန်း တင်ပို့ ရောင်းချနိုင်ခဲ့ခြင်း ကြောင့် ၁ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ခြင်း ဖြစ်သည်။
Tesla သည် မိမိတို့၏ ဖောက် သည်များကိုဆွဲဆောင်နိုင်ရန်နှင့် ကမ္ဘာ့ အရောင်းရဆုံး    လျှပ်စစ်ကားများ အဆင့်ကို ထိန်းထားနိုင်ရန် ဈေးနှုန်း များကို အကြိမ်ကြိမ် လျှော့ချခဲ့သော် လည်း ၎င်းတို့၏ အဆိုပါ ကြိုးပမ်းမှုမှာ အရာမထင်ခဲ့ဘဲBYD ကို မယှဉ်နိုင်ခဲ့ သည်ကို တွေ့ရသည်။ တရုတ်၏BYD သည်   ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်တွင် လျှပ်စစ်ကား ၁ ဒသမ ၇၆သန်း ရောင်း ချခဲ့ရကြာင်း ကုမ္ပဏီ၏ အစီရင်ခံစာ တွင် ဖော်ပြထားသည်။
လက်ရှိအချိန်တွင်   တရုတ်၏BYDသည် ၎င်းတို့ထုတ် မော်တော် ယာဉ်ရောင်းချရမှုသည်  ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်တွင် ၄၁ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ပြီး ယင်းမှာ တစ်နှစ်ထက် တစ်နှစ် ၄ ဒသမ ၂ သန်းကျော်အထိ မြင့်တက်လာခဲ့ကြောင်း သတင်းတွင် ဆက်လက် ဖော်ပြထားသည်။
တရုတ်နိုင်ငံထုတ် BYD သည် နိုင်ငံတွင်းစီးနင်းနေသည့် လျှပ်စစ်ကား ၉၀ ရာခိုင်နှုန်းကို   ရောင်းချထားပြီး ကမ္ဘာ့မော်တော်ကား ဈေးကွက်တွင် လည်း Volkswagen နှင့် Toyota အပါ အဝင် နိုင်ငံခြား အမှတ်တံဆိပ်များ ထက် သာလွန်ကာ နံပါတ်(၁)နေရာကို ရယူထားသည်။
Tesla  သည်   တရုတ်နိုင်ငံကို ၎င်းတို့၏ အဓိကဈေးကွက်တစ်ခုအဖြစ် ထည့်သွင်းတွက်ချက်ထားသော်လည်း ြီ့ ကို ယှဉ်ပြိုင်နိုင်ခြင်း မရှိသည်ကို တွေ့ရသည်။
 

Source; BBC

စိုင်းဗညား