DeepSeek Chatbot အပလီကေးရှင်း အသစ် ပေါ်ထွက်လာမှုကြောင့် နိုင်ငံတကာ အေ အိုင် နည်းပညာကုမ္ပဏီများ၏ အစုရှယ်ယာဈေး နှုန်းများ ကျဆင်းခဲ့ရကြောင်း CN သတင်းဌာန ၏ ရေးသားဖော်ပြချက်အရ သိရသည်။
လူငယ်ပညာရှင်များ ဦးဆောင်သည့် တရုတ်နိုင်ငံအခြေစိုက် စွန့်ဦးနည်းပညာ ကုမ္ပဏီ တစ်ခုဖြစ်သည့်DeepSeek Chatbot အမည်ရှိ ကုမ္ပဏီ၏ လူ့ဉာဏ်ရည်တု(အေအိုင်) နည်းပညာသုံး ဃ့အေဘသအ ဆော့ဖ်ဝဲ အပလီကေးရှင်းသစ်တစ်ခု ပေါ်ထွက်လာခြင်းကြောင့် ကမ္ဘာ့နည်းပညာ ကုမ္ပဏီကြီးများ၏ စတော့ရှယ်ယာဈေးနှုန်းများမှာ သိသိသာသာ ကျဆင်းခဲ့ကြောင်း သတင်းတွင် ဖော်ပြထားခြင်းဖြစ်သည်။
အဆိုပါDeepSeek Chatbot အပလီကေး ရှင်းအသစ်သည် အေအိုင်နည်းပညာ လောက အတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်လာခဲ့ပြီး ဈေးကွက် ပြိုင်ဆိုင်မှု ပြင်းထန်ကာ တခြားအေအိုင် နည်း ပညာကုမ္ပဏီများအတွက် စိုးရိမ်ဖွယ်ရာ အနေ အထားတစ်ရပ် ဖြစ်လာခဲ့သည်။
နည်းပညာကဏ္ဍတွင် ရှေ့ပြေးကုမ္ပဏီ တစ်ခုအဖြစ် ရပ်တည်နေသည့် ချစ်ပ်ပြားထုတ် လုပ်သော Nvidia ကုမ္ပဏီ၏ အစုရှယ်ယာဈေး နှုန်းများမှာ ဇန်နဝါရီ ၂၇ ရက်တွင် ၁၇ ရာခိုင်နှုန်း အထိပင် ကျဆင်းခဲ့ရပြီး ယင်းကုမ္ပဏီ၏ ဈေးကွက် တန်ဖိုးအရ အမေရိကန်ဒေါ်လာ ၅၉၃ ဘီလီယံ လျော့ကျခဲ့ရသည်ဟု အဆိုပါကုမ္ပဏီမှ တာဝန်ရှိ သူတစ်ဦးက ထုတ်ဖော်ပြောဆိုထားသည်။
ီနနစှနနု ဃ့အေဘသအ ဆော့ဖ်ဝဲ အပလီကေး ရှင်းသည် ကုန်ကျစရိတ်နည်းပါးမှုကြောင့် အခြား နည်းပညာ ကုမ္ပဏီကြီးများ၏ စတော့ရှယ်ယာ ဈေးနှုန်းများမှာ ရုတ်တရက်ဆိုသလို ကျဆင်းခဲ့ရ ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် ီနနစှနနု ဃ့အေဘသအ ဆော့ဖ်ဝဲ အပလီကေးရှင်း ပေါ်ထွက်လာ မှုကြောင့် အမေရိကန်ပြည်ထောင်စုရှိ အေအိုင် နည်းပညာကုမ္ပဏီကြီးများသည်လည်း သိသာစွာ လှုပ်လှုပ်ရှားရှား ဖြစ်ခဲ့ရသည်ဟု ဃြ သတင်းက ဆက်လက်ဖော်ပြထားသည်။
DeepSeek Chatbot ဆော့ဖ်ဝဲ အပလီကေး ရှင်းသစ်ကို စတင်မိတ်ဆက်ချိန်မှာပင် စိတ်ဝင်စား မှု မြင့်တက်လာခဲ့ကြောင်း၊ အဆိုပါ အပလီကေး ရှင်းသည် အက်ပဲလ်၏ အပလီကေးရှင်းစတိုးများ တွင် အမေရိကန်အခြေစိုက် Open AI ကုမ္ပဏီ၏ ChatGPT ဆော့ဖ်ဝဲ အပလီကေးရှင်းကို ကျော် ဖြတ်၍ နေရာရယူမှုအများဆုံး ဃ့အေဘသအ အပလီ ကေးရှင်းအဖြစ် အချိန်တိုတိုအတွင်း၌ပင် ရပ် တည်နိုင်ခဲ့သည်ဟု ဆိုသည်။
တရုတ်နိုင်ငံမှ တီထွင်ထုတ်လုပ်လိုက်သည့်DeepSeek Chatbot ဆော့ဖ်ဝဲ အပလီကေးရှင်း သည် အမေရိကန်ပြည်ထောင်စုမှ အေအိုင် နည်း ပညာကုမ္ပဏီများအတွက် အချက်ပေး ခေါင်း လောင်းသံဖြစ်ကြောင်း တစ်ကျော့ပြန်အမေရိကန် သမ္မတဖြစ်လာသည့် ဒေါ်နယ်ထရန့်က ဇန်နဝါရီ ၂၈ ရက်တွင် ပြောဆိုထားသည်။
Source; CNN