ယခု ပွင့်လင်းရာသီတွင် ထိုင်းနိုင်ငံတွင်းသို့ လာရောက် မည့် ကမ္ဘာလှည့်ခရီးသွားများ ဘေးကင်းလုံခြုံရေးနှင့် ပတ် သက်ပြီး တိုးမြှင့်ဆောင်ရွက်သွားရန် ထိုင်းအာဏာပိုင်များက ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ဗန်ကောက်ပို့စ်သတင်း ဌာန၏ ဇန်နဝါရီ ၃၀ ရက် ရေးသားဖော်ပြချက်အရ သိရ သည်။
တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်၏ ထိုင်းနိုင်ငံသို့ မကြာမီ လာရောက်မည့် ခရီးစဉ်အတွင်း တွေ့ဆုံကာ မိမိတို့နိုင်ငံတွင်း ၌ ကမ္ဘာလှည့်ခရီးသွားများ၊ အထူးသဖြင့် တရုတ်ခရီးသွားများ ဘေးကင်းလုံခြုံရေးနှင့် စိုးရိမ်မှုများကို ဖြေရှင်းရန် ပြင်ဆင် ထားကြောင်း ထိုင်းနိုင်ငံဝန်ကြီးချုပ် ပေတွန်သန်ရှင်နာဝပ်က ပြောသည်။
ထိုင်း-မြန်မာ နယ်စပ်ရှိ ကျားဖြန့်လုပ်ငန်းသို့ ရောက် ရှိကာ လူကုန်ကူးခံရသည့် တရုတ်သရုပ်ဆောင်တစ်ဦး ဖြစ် ရပ်နှင့်ပတ်သက်ပြီး ခရီးသွားအချို့က ၎င်းတို့၏ ထိုင်းနိုင်ငံသို့ သွားရောက်မည့် ခရီးစဉ်များကို ကြိုတင်ငွေများ အဆုံးခံကာ ဖျက်သိမ်းမှုများရှိနေကြောင်း သတင်းတွင် ဖော်ပြထားသည်။
ထို့ပြင် ထိုင်းနိုင်ငံဝန်ကြီးချုပ် ပေတွန်သန်ရှင်နာဝပ် သည် ဖေဖော်ဝါရီ ၅ ရက်မှ ၈ ရက်အထိ တရုတ်နိုင်ငံ ပေကျင်းသို့ သွားရောက်ရန် စီစဉ်ထားရာ ဝန်ကြီးချုပ်၏ ယင်းခရီးစဉ်တွင်လည်း တရုတ်ခရီးသွားများ၏ ဘေးကင်း လုံခြုံရေးအတွက် ထိုင်းအစိုးရက အာမခံမှုပေးနိုင်ကြောင်း ထပ်လောင်း အာမခံရန်ရှိသည်ဟု ဆိုသည်။
အခြားတစ်ဖက်တွင် ထိုင်းနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွား အများဆုံး လာရောက်သည့်နိုင်ငံမှာ တရုတ်နိုင်ငံဖြစ်ခြင်း ကြောင့် ထိုင်း၏ ခရီးသွားအရင်းအမြစ်ကြီးတစ်ခု ဖြစ်သည့် ထိုင်းခရီးသွားကဏ္ဍကို ထိခိုက်မည်ကို ထိုင်းအာဏပိုင်များက အထူးစိုးရိမ်ပူပန်လျက်ရှိနေသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် အတွင်း ထိုင်းနိုင်ငံသို့ ဝင်ရောက်ခဲ့သည့် ကမ္ဘာလှည့်ခရီးသွား ၃၅ ဒသမ ၅ သန်းအနက် ၆ ဒသမ ၇ သန်းမှာ တရုတ် ခရီး သွားများဖြစ်ကြောင်း စစ်တမ်းများအရ သိရသည်ဟု ဗန်ကောက်ပို့စ် သတင်းဌာနက ရေးသားဖော်ပြထားခြင်း ဖြစ်သည်။
Source; Bangkok Post
စိုင်းဗညား