Main menu

Background

Apple iPhone တွင်Starlink ဂြိုဟ်တုအင်တာနက် စတင်အသုံးပြုနိုင်ပြီဖြစ်

Wed, 02/05/2025 - 15:09 -- journal_editor

အမေရိကန်ပြည်ထောင်စုမှ ထုတ်လုပ်သည့် Apple iPhone  များတွင်SpaceX၏Starlinkဂြိုဟ်တု အင်တာနက်ကို ချိတ်ဆက်၍ စတင်စမ်းသပ်အသုံးပြုနိုင်ပြီဖြစ်ကြောင်း ယင်းစီမံကိန်းတွင် ပါဝင်သည့်T-Mobile မှ တာဝန်ရှိသူတစ်ဦးက ပြောသည်ဟု ရိုက်တာသတင်းဌာန က ရေးသားဖော်ပြထားသည်။
နည်းပညာသူဌေးကြီး Elon Musk ၏  ှSpaceX  သည် အမေရိကန် ဆက်သွယ်ရေးကော်မရှင်၏ ခွင့်ပြုချက်ကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နိုဝင် ဘာလတွင် ရရှိခဲ့ပြီးနောက်T-Mobile နှင့် SpaceX သည်  ှStarlink ၏ ဂြိုဟ်တုအင်တာနက်ကို ၎င်းတို့၏ iPhone များတွင် စတင်စမ်းသပ်နေပြီ ဖြစ်ကြောင်း၊ အဆိုပါ စမ်းသပ်မှုအရT-Mobileက ဂြိဟ်တုအင်တာနက် ဖြင့် စာများပေးပို့နိုင်ပြီဖြစ်ကြောင်းနှင့် ယင်းမှတစ်ဆင့် အနာဂတ်တွင် ဖုန်းပြောနိုင်မည်ဖြစ်သလို အင်တာနက်လည်း သုံးနိုင်လာတော့မည်ဟု ဆိုသည်။
အစောပိုင်း ကာလများကT-Mobile အနေဖြင့် ဂြိုဟ်တုအင်တာ နက်ကို အသုံးပြုနိုင်သည့်Androidစမတ်ဖုန်း အနည်းငယ်ကိုသာ ကြေ ညာထားသော်လည်း ယခုတွင်မူ iOS 18.3 Software Update  ရရှိသည့် iPhone များကိုပါ ထည့်သွင်းပေးလိုက်ခြင်းဖြစ်သည်။
 Source; Reuters

 

စိုင်းဗညား