Main menu

Background

အမေရိကန်က တရုတ်ကုန်သင်္ဘောများ ကမ်းကပ်ခကို ဒေါ်လာ ၁ ဒသမ ၅ သန်း ကောက်ခံမည်

Wed, 03/05/2025 - 14:25 -- journal_editor

တရုတ်ကုန်သင်္ဘောများ ကမ်းကပ်ခွင့်ကို အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ သန်းအထိ တိုး မြှင့်ကောက်ခံရန် အမေရိကန်ပြည်ထောင်စုက ပြင်ဆင်နေကြောင်းThe Straits Times သတင်း ဌာန၏ ဖေဖော်ဝါရီ ၂၈ ရက် ရေးသားဖော်ပြချက် အရ သိရသည်။
တရုတ်နိုင်ငံက  တည်ဆောက်သည့် ကုန် တင်သင်္ဘောများသည် အမေရိကန် ဆိပ်ကမ်း များသို့  ဝင်ရောက်ဆိုက်ကပ်ခြင်းအတွက် အမေ ရိကန်ဒေါ်လာ ၁ ဒသမ ၅ သန်း ကောက်ခံရန် အမေရိကန်  ကုန်သွယ်ရေးကိုယ်စားလှယ်ရုံး (USTR)က အဆိုပြုထားခြင်းဖြစ်သည်ဟု သတင်း တွင် ဖော်ပြထားခြင်း ဖြစ်သည်။ 
အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ် ရုံး (USTR) အနေဖြင့် ထိုကဲ့သို့ ပြုလုပ်ရန် စီစဉ်ရ ခြင်းမှာ ကမ္ဘာလုံးဆိုင်ရာ သင်္ဘောသွားလာမှု၊ ရေ ကြောင်းနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍများတွင် တရုတ်နိုင်ငံ၏ ကြီးစိုးလွှမ်းမိုးနေမှုကို စုံစမ်းစစ် ဆေးရေးရန်အတွက်ဟု ဆိုသည်။
တရုတ်နိုင်ငံသည် စီးပွားရေး တိုးတက်ဖွံ့ဖြိုး လာမှုနှင့်အတူ ကုန်သွယ်ရေးအတွက်  အဓိက အခန်းကဏ္ဍမှ  ပါဝင်နေသည့် သင်္ဘောတည် ဆောက်မှုလုပ်ငန်းများမှာလည်း တစ်နှစ်ထက် တစ်နှစ် ပိုမိုတိုးတက်လျက်ရှိနေသည်။ ထို့ကြောင့် တရုတ်နိုင်ငံ၏  ကမ္ဘာလုံးဆိုင်ရာ သင်္ဘောတည် ဆောက်မှု အချိုးကို ကြည့်မည်ဆိုလျှင် ၁၉၉၉ ခုနှစ်က ၅ ရာခိုင်နှုန်းသာရှိခဲ့ရာမှ ၂၀၂၃ ခုနှစ်တွင် ၅၀ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့သည်။
အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ် ရုံးက မိမိတို့ အဆိုပြုထားသည့် တရုတ်သင်္ဘောများ ကမ်းကပ်ခနှင့် အခြားသော သင်္ဘောသွားလာမှု ကန့်သတ်ချက်များကို အသေးစိတ် တင်ပြထား သည်ဟု အမေရိကန် ဗဟိုမှတ်ပုံတင်ရုံး၏ ကြေ ညာချက်ကို ကိုးကားပြီး The Straits Times  သတင်း ဌာနက ရေးသားဖော်ပြ ထားခြင်းဖြစ်သည်။ 
USTR အနေဖြင့် ထိုကဲ့သို့ အခြေအနေ များကို ယခုလ မတ် ၂၄ ရက်တွင် အများပြည်သူ သိရှိနိုင်ရန် ကြားနာမှုတစ်ရပ် ပြုလုပ်ရန် စီစဉ် ထားကြောင်း သိရသည်။
လက်ရှိတွင်  အမေရိကန်ပြည်ထောင်စု အနေဖြင့် ကျဆင်းနေသည့် သင်္ဘောလုပ်ငန်းကို ပြန်လည်တည်ဆောက်ရန်အတွက် ကြိုးပမ်းလျက် ရှိနေည်။ စုံစမ်းစစ်ဆေးမှု၏ ရလဒ်ကို ဒေါ်နယ် ထရမ့် သမ္မတအဖြစ် ကျမ်းသစ္စာမဆိုခင် ရက်ပိုင်း အလို ပြီးခဲ့သည့်လက ကြေညာခဲ့သည်။
အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ် ရုံး၏ ကမ်းကပ်ခ အဆိုပြုချက်တွင် တရုတ် ရေ လမ်း သယ်ယူပို့ဆောင်ရေးကုမ္ပဏီများပိုင် သင်္ဘော များအတွက်  အမေရိကန် ဆိပ်ကမ်းကပ်ခကို သင်္ဘောတစ်စင်းလျှင် အမေရိကန်ဒေါ်လာ တစ် သန်း သတ်မှတ်ရန်နှင့် သင်္ဘော၏ ကုန်တင်နိုင်စွမ်း တစ်တန်လျှင်    အမေရိကန်ဒေါ်လာ ၁၀ဝ၀ ကောက်ခံ သွားရန် ဆိုသည့်အချက် ပါဝင်သည်။
သို့သော် အခြားတစ်ဖက်တွင် တရုတ် ရေ ကြောင်းကုမ္ပဏီများမဟုတ်ဘဲ အခြားသော ကုမ္ပဏီ များပိုင် တရုတ်ထုတ်သင်္ဘောများ ဆိပ်ကမ်းဝင် ရောက်ခွင့်ကိုမူ    တစ်ကြိမ်လျှင် အမေရိကန် ဒေါ်လာ ၁ ဒသမ ၅ သန်း ကောက်ခံသွားမည်ဟု ဆိုသည်။
 Source; The Straits Times

 

စိုင်းဗညား