Main menu

Background

ဗီဒီယိုအတိုများ တင်နိုင်မည့် App အသစ်တစ်ခုကို အင်စတာဂရမ် ထုတ်မည်

Wed, 03/05/2025 - 14:26 -- journal_editor

ကမ္ဘာတစ်ဝန်း အောင်မြင်မှု ရရှိနေသည့် ွှငွှုသု ကဲ့သို့ ဗီဒီယိုအတို များ တင်နိုင်မည့် ဗစစ အသစ်တစ်ခုကို ထုတ်လုပ်ရန် အင်စတာဂရမ်က စီစဉ်နေပြီဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်တွင် အမေရိကန်ပြည်ထောင်စု၌ ွှငွှုသု၏ အနာဂတ် မှာ မရေမရာဖြစ်နေပြီး သမ္မတသစ် ဒေါ်နယ်ထရန့် တက်လာချိန် အမေရိ ကန်တွင်  ွှငွှုသု အသုံးပြုမှုကို ရပ်တန့်ရန် ကြိုးပမ်းခဲ့ပြီး လောလောဆယ် တွင် ယင်းကို ၇၅ ရက် ဆိုင်းငံ့အဖြစ် ပြုလုပ်ထားသည်။ ထိုကဲ့သို့ အခြေ အနေမျိုးတွင် အင်စတာဂရမ်က  ွှငွှုသု ကဲ့သို့ ဗီဒီယိုအတိုများ တင်၍ရနိုင် မည့် သီးသန့် ဗစစ တစ်ခုကို ဖန်တီးရန် စီစဉ်လာခဲ့ခြင်းဖြစ်သည်။
အင်စတာဂရမ်၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဗောိ သျြနမင က ွှငွှုသု ကဲ့သို့ ဗစစ အသစ်တစ်ခု ထပ်ထုတ်ရန် မိမိ၏ ဝန်ထမ်းများကို အသိ ပေးထားပြီးဖြစ်ကြောင်း သိရသည်။ သို့သော် အင်စတာဂရမ်၏ မိခင်ကုမ္ပဏီ ဖြစ်သည့် နြအေ ကမူ ယင်းကိစ္စနှင့် ပတ်သက်ပြီး အတည်ပြု ပြောဆိုထားခြင်း မရှိသေးကြောင်း သတင်းတွင် ဆက်လက်ဖော်ထားပြသည်။ 
ထိုကဲ့သို့ အခြေအနေမျိုးတွင် အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရန့် ကမူ  ွှငွှုသု ကို အမေရိကန်နှင့် တရုတ်တို့အကြား ဖက်စပ်လုပ်ငန်းအဖြစ် လည်ပတ်ရန် အဆိုပြုထားသည်ဟုဆိုသည်။ တရုတ်နိုင်ငံမှ  ွှငွှုသု ၏ မိခင်ကုမ္ပဏီဖြစ်သည့် ပြအနီညေခနနှင့် အမေရိကန်ပြည်ထောင်စုတို့အကြား ပိုင်ဆိုင်မှုကို ၅၀ ရာခိုင်နှုန်းစီ ခွဲဝေရန် ကြိုးပမ်းမှုများ  ရှိနေသော်လည်း လက်ရှိအချိန်အထိ တိကျသည့်အဖြေတစ်ခု ပေါ်ထွက်လာခြင်း မရှိသေး ကြောင်း သိရသည်။                                                  

   Source; Reuters

စိုင်းဗညား