Main menu

Background

နိုင်ငံတကာ အကူအညီပေးသည့် ဘတ်ဂျက်ကို ၉၂ ရာခိုင်နှုန်းအထိ အမေရိကန် လျှော့ချ

Wed, 03/05/2025 - 14:28 -- journal_editor

ထရန့်အစိုးရ တက်လာပြီးချိန် တွင် နိုင်ငံခြားဖွံ့ဖြိုးရေးနှင့် အကူအညီ ပေးသည့် အစီအစဉ်များမှ ဘဏ္ဍာငွေ များကို ၉၂ ရာခိုင်နှုန်း (အမေရိကန် ဒေါ်လာ ၅၄ ဘီလီယံ)အထိ လျှော့ချ လိုက်ကြောင်း အမေရိကန် နိုင်ငံခြား ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာ လိုက်သည်ဟု ဘီဘီစီ သတင်းတစ်ရပ် တွင် ဖော်ပြထားသည်။ 
ဒေါ်နယ်ထရန့်သည် အမေရိကန် သမ္မတသစ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ သည့် ဇန်နဝါရီ ၂၀ ရက်မှစပြီး အမေ ရိကန်၏ နိုင်ငံခြား အကူအညီများအား လုံးကို ရက် ၉၀ ကြာ ရပ်ဆိုင်းထားရန် အမိန့်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ ခြင်းဖြစ်သည်။  ထို့ပြင် အမေရိကန် ဦးစားပေးဆိုင်ရာ မူဝါဒနှင့် မကိုက်ညီ သည့် အစီအစဉ်များတွင်လည်း သုံးစွဲ ငွေများကို လျှော့ချရန် စီစဉ်ခဲ့ခြင်းဖြစ် သည်။
အဆိုပါ သုံးစွဲငွေများကို လျှော့ချ ရန်အစီအစဉ်တွင် အမေရိကန် အပြည် ပြည်ဆိုင်ရာ   ဖွံ့ဖြိုးရေးအေဂျင်စီ (USAID)  မှ ချုပ်ဆိုထားသည့် နိုင်ငံ ခြားအကူအညီပေးရေး နှစ်ရှည် စာချုပ် များကို အဓိကထားခဲ့ခြင်းဖြစ်ပြီး လက် ရှိအချိန်တွင် ယင်းစာချုပ်အများစုကို လျှော့ချလိုက်ခြင်းဖြစ်သည်။
သမ္မတသစ်  ဒေါ်နယ်ထရန့် သည် ဘဏ္ဍာငွေများကို ၉၂ ရာခိုင်နှုန်း တစ်နည်းအားဖြင့် အမေရိကန်ဒေါ်လာ ၅၄ ဘီလီယံ တန်ဖိုးရှိသည့် စာချုပ် ပေါင်း ၅၈၀ဝ ခန့်ကို အမေရိကန် ဦး စားပေး မူဝါဒအရ ဖျက်သိမ်းရန် သတ် မှတ်ခဲ့ခြင်း ဖြစ်သည်ဟု နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦး က ပြောဆိုသည်ဟု သတင်းတွင် ဆက် လက်ဖော်ပြထားသည်။  
သို့သော် အချို့သော နိုင်ငံခြား အကူအညီများနှင့်  ဆက်စပ်နေသည့် အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၉ ဘီလီယံတန်ဖိုးရှိသည့်  ထောက်ပံ့ငွေ စာချုပ်ပေါင်း ၉၁၀ဝ ကျော်ကိုမူ ပြန် လည်သုံးသပ်ခဲ့သည်ဟု  သိရသည်။ ယင်းအထဲတွင် အမေရိကန်ဒေါ်လာ ၄ ဒသမ ၄ ဘီလီယံတန်ဖိုးရှိ ထောက်ပံ့ငွေ စာချုပ်ပေါင်း ၄၁၀ဝ ကိုသာ ဖျက်သိမ်း ရန်   ဆုံးဖြတ်ချက် ချခဲ့ခြင်းကြောင့် ရာခိုင်နှုန်းအားဖြင့်  ၂၈ ရာခိုင်နှုန်း လျှော့ချလိုက်ခြင်ဖြစ်သည်။
နိုင်ငံခြားဖွံ့ဖြိုးရေးနှင့်   အကူ အညီပေးသည့်အစီအစဉ်များမှ ဘဏ္ဍာ ငွေများကို ၉၂ ရာခိုင်နှုန်း (အမေရိကန် ဒေါ်လာ ၅၄ ဘီလီယံ)အထိ လျှော့ချ မည့် အစီအစဉ်တွင် အစားအသောက် အကူအညီ၊ HIV  နှင့် ငှက်ဖျားကဲ့သို့ သော ရောဂါများအတွက်  အသက် ကယ်ကုသမှုများနှင့် ဟေတီ၊ ကျူးဘား၊ ဗင်နီဇွဲလားနှင့် လက်ဘနွန်နိုင်ငံများ သည် ဖျက်သိမ်းခြင်း  မခံရသည့် အစီ အစဉ်များတွင် ပါဝင်မည် ဖြစ်ကြောင်း သိရသည်။
 Source; BBC

စိုင်းဗညား