ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို စည်း လုံးညီညွတ်စွာ ကိုင်တွယ်ရန် ဖြေရှင်းနိုင်ရန် ရည် ရွယ်ချက်ဖြင့် အာရှဒေသဆိုင်ရာ ဘိုးအောက်ဖိုရမ် ကို မတ် ၂၇ ရက်က ကျင်းပခဲ့သည်။
အဆိုပါ ၂၀၂၅ ခုနှစ် အာရှဒေသဆိုင်ရာ ဘိုးအောက်ဖိုရမ် နှစ်ပတ်လည် အစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို မတ် ၂၇ ရက်က တရုတ် နိုင်ငံ ဟိုင်နန်ပြည်နယ်ရှိ ဘိုးအောက်မြို့တွင် ကျင်းပခဲ့ရာ အပြည်ပြည်ဆိုင်ရာမှ နိုင်ငံ့ခေါင်း ဆောင်များနှင့် စီးပွားရေးကဏ္ဍများကို ဦးဆောင် နေသူများ တက်ရောက်ခဲ့ကြသည်။
အာရှဒေသဆိုင်ရာ ဘိုးအောက်ဖိုရမ် (BFA) ၂၀၂၅ ခုနှစ် နှစ်ပတ်လည် အစည်းအဝေးကို
ကမ္ဘာ့အခင်းအကျင်း အပြောင်းအလဲများကြား အာရှအနာဂတ်ကို အတူတကွဖန်တီးမည်}}ဟူ သည့် ခေါင်းစဉ်ဖြင့် တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် ဘိုးအောက်မြို့တွင် မတ် ၂၅ ရက်မှ ၂၈ ရက်အထိ ကျင်းပခဲ့ခြင်း ဖြစ်သည်။
တရုတ်နိုင်ငံမှ အရေးကြီး အတွေးအခေါ် နှင့် အဆိုပြုချက်များစွာကို အဆိုပြုခဲ့ရာ ကမ္ဘာကြီး အတွက် တည်ငြိမ်မှုနှင့် သေချာရေရာမှုများကို ဖြည့်တင်းခဲ့ကြောင်း ယင်းအစည်းအဝေးသို့ တက် ရောက်လာကြသည့် ပြည်ပနိုင်ငံများမှ ခေါင်း ဆောင်များနှင့် ကုန်သည်စက်မှု ကိုယ်စားလှယ် များက ပြောကြားခဲ့သည်။
လက်ရှိ ကြုံတွေ့နေရသည့် ကမ္ဘာလုံးဆိုင် ရာ စိန်ခေါ်မှုများကို နိုင်နိုင်နင်းနင်း ရင်ဆိုင်ကိုင် တွယ်နိုင်ရေးအတွက် ကမ္ဘာ့နိုင်ငံအသီးသီးက စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်းနှင့် အာရှနှင့်ကမ္ဘာကြီး၏ သာယာ လှပသော အနာဂတ်ကို အတူတကွတည်ဆောက် ရေးရန်တို့ကို အလေးပေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
လက်ရှိ ကမ္ဘာက ဘက်ပေါင်းစုံမှာ စိန်ခေါ် မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အာရှနိုင်ငံအသီး သီးက ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ အပြန် အလှန်ချိတ်ဆက်မှုတွေကို ဆက်လက် ပိုမိုမြှင့်တင် ဖို့လိုအပ်ပါတယ်။ အခြားတစ်ဖက်မှာ မူဝါဒညှိနှိုင်း မှုတွေကို ပိုမိုအားဖြည့်ပြီး တစ်နိုင်ငံနဲ့ တစ်နိုင်ငံ လူမှုယဉ်ကျေးမှုတွေကို ကူးလူးဖလှယ်ရေးကနေ တစ်ဆင့် နားလည်မှုရှိရှိနဲ့ အပြန်အလှန် ယုံကြည် မှုကို နက်ရှိုင်းအောင် ဆောင်ရွက်ရမှာ ဖြစ်ပါ တယ်။ ဒါ့ပြင် တရုတ်နိုင်ငံဟာ အာရှဒေသကနိုင်ငံ တွေနဲ့သာမကဘဲ ကမ္ဘာ့နိုင်ငံအသီးသီးနဲ့ ပူးပေါင်း ဆောင်ရွက်မှုကို တွန်းအားပေးတဲ့နေရာမှာ အောင်မြင်တဲ့ အတွေ့အကြုံများစွာ ရှိထားပြီး ဖြစ်တာကြောင့် တရုတ်နိုင်ငံက ဦးဆောင်တဲ့ အခန်းကဏ္ဍက ပါဝင်တာကို လက်ခံ ယုံကြည်ပါ တယ်}}ဟု လာအိုနိုင်ငံဝန်ကြီးချုပ် ှသညနထပေ ှငစ့ညေိသညန က ပြောဆိုခဲ့သည်။
ထို့နောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ယာယီအစိုးရ အကြံပေး အကြီးအကဲဖြစ်သူကြေ့ောိ ့ကညကျ က အာရှနိုင်ငံများ၏ ကံကြမ္မာမှာ အတူရောယှက် လျက်ရှိရာ နိုင်ငံအသီးသီးအနေဖြင့် ဘဏ္ဍာရေး၊ ကုန်သွယ်ရေး၊ စိုက်ပျိုးရေးနှင့် လူရည်ချွန်ဖလှယ် ရေး စသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက် မှုများကို ရှိပြီးသားထက် ပိုမိုတိုးမြှင့်ဆောင်ရွက် ကာ ဘုံသာယာဝပြောပြီး တိကျရှင်းလင်းသော လမ်းပြမြေပုံကို အတူတကွ ရေးဆွဲသင့်ကြောင်း ပြောဆိုခဲ့သည်။
အဆိုပါ ဖိုရမ်တွင် ]]၂၀၃၀ ပြည့်နှစ် မျှော် မှန်းချက်}}နှင့် ]]ရပ်ဝန်းနှင့် ပိုးလမ်းမ}} အတူတကွ တည်ဆောက်ရေး အဆိုပြုချက်အကြောင်း၊ နိုင်ငံ ဖြတ်ကျော် ရင်းနှီးမြှုပ်နှံမှုများနှင့် နည်းပညာ ဖလှယ်ရေးအတွက် အခွင့်အလမ်းများစွာ ဖန်တီး ပေးနိုင်ပါက စီးပွားရေးတိုးတက်မှုကို တွန်းအား ဖြစ်စေကြောင်း၊ နိုင်ငံအသီးသီးအနေဖြင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများ တစ်ဆင့်တိုး အားဖြည့် ရန် လိုအပ်ကြောင်း၊ လုပ်ငန်းကဏ္ဍဖြတ်ကျော်၊ ဒေသဖြတ်ကျော်သည့် နီးကပ်သောဆက်သွယ်မှု များ တည်ထောင်ရန်၊ ဒေသတွင်း နည်းပညာ၊ ကုန် စည်ပစ္စည်းနှင့် အရင်းအနှီးများ လွတ်လပ်စွာ စီးဆင်းမှုကို နက်ရှိုင်းအောင် ဆောင်ရွက်ရန် လိုအပ်ကြောင်းတို့ကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြ သည်။
Source; Xinhua
စိုင်းဗညား