Main menu

Background

၂၀၂၅ တွင် နေထိုင်ရန်နှင့် အလုပ်လုပ်ရန် အကောင်းဆုံးနိုင်ငံများတွင် ဆွစ်ဇာလန်ဦးဆောင်နေ

Wed, 04/09/2025 - 12:37 -- journal_editor

၂၀၂၅ ခုနှစ်တွင် နေထိုင်ရန် နှင့် အလုပ်လုပ်ကိုင်ရန် အကောင်း ဆုံး နိုင်ငံများကိုHenley Oppo- rtunity Index က စစ်တမ်းကောက် ယူခဲ့ရာတွင်  ဆွစ်ဇာလန်နိုင်ငံက နံပါတ်(၁)နေရာတွင် ဦးဆောင်နေ ကြောင်း သိရသည်။
Henley Opportunity Index  သည် အထူးသဖြင့် ရင်းနှီးမြှုပ်နှံသူများကို လုံခြုံစွာနေထိုင်ရန် သို့မဟုတ် နိုင်ငံသားဖြစ်ခွင့်ကို ကူညီပေးသည့် ကမ္ဘာ့ထိပ်တန်း ရင်းနှီးမြှုပ်နှံမှုအဆင့် များကို ဦးစားပေး သတ်မှတ်ထားခြင်းဖြစ်သည်။
Henley Opportunity Index သည် နိုင်ငံပေါင်း ၁၈၀ ကျော်ထံကို စစ်တမ်းကောက်ယူပြီး ဖော်ပြထားခြင်းဖြစ်သည်။ ၎င်း၏ အညွှန်းကိန်းသည် အဓိကအချက် ခြောက်ချက်ကို အခြေခံ၍ အကဲဖြတ်ထားခြင်းဖြစ်ရာ ယင်း တို့မှာ ဝင်ငွေအလားအလာ၊ အလုပ်အကိုင် တိုးတက်မှု၊ ထိပ်တန်း အလုပ် အကိုင် အလားအလာ၊ ပရီမီယံပညာရေး၊ စီးပွားရေးနှင့် လူနေမှုဘဝ မြင့်မားခြင်း စသည်တို့ကို အခြေခံ တွက်ချက်ထားခြင်း ဖြစ်သည်။
၂၀၂၅ ခုနှစ်တွင် နေထိုင်ရန်နှင့် အလုပ်လုပ်ကိုင်ရန် အကောင်းဆုံး နိုင်ငံများတွင် ဆွစ်ဇာလန်နိုင်ငံက ထိပ်ဆုံးမှ ဦးဆောင်နေပြီး စင်ကာပူ နိုင်ငံက ဒုတိယနှင့် အမေရိကန်ပြည်ထောင်စုက  တတိယနေရာတွင် ရပ် တည်နေသည်။ ၎င်းတို့၏ နောက်တွင် သြစတြေးလျ၊ ကနေဒါ၊ ယူနိုက်တက် ကင်းဒမ်း၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ သြစတြီးယား၊ နယူးဇီလန်၊ အီတလီ၊ တရုတ်(ဟောင်ကောင်)၊ လတ်ဗီယား၊ မော်လ်တာ၊ ဟန်ဂေရီ၊ ဂရိနှင့် ပေါ်တူဂီတို့က အစဉ်အလိုက် ရပ်တည်နေကြသည်။ 
Source; Henley Global

 

စိုင်းဗညား