တရုတ်နိုင်ငံ၏ ကမ္ဘာ့အကြီးမားဆုံး မော် တော်ကားတင်သင်္ဘော BYD Shenzhen သည်BYD လျှပ်စစ်မော်တော်ကား အစီးရေ ၇၀ဝ၀ ကျော် တင်ဆောင်ကာ ပွဲဦးထွက်ရေကြောင်းခရီး စဉ်အဖြစ် ဧပြီ ၂၇ ရက် ညနေပိုင်းက တရုတ် ဆိပ်ကမ်းမှ စတင်ထွက်ခွာသွားပြီဖြစ်ကြောင်း ဆန်းကျန့်မြို့အခြေစိုက်BYD မော်တော်ကား ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ BYD Shenzhen သင်္ဘောသည် တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ်ရှိTaicang ဆိပ် ကမ်းမှထွက်ခွာလာခဲ့ပြီး ပင်လယ်ပြင်၌ တစ်လ ကြာ ခုတ်မောင်းပြီးနောက် ဘရာဇီးနိုင်ငံItajaiဆိပ်ကမ်းသို့ ရောက်ရှိမည်ဟု ခန့်မှန်းထားကြောင်း ဆင်ဟွာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
BYD Shenzhenသင်္ဘောကို China Merchants Group ၏ လက်အောက်ရှိ သင်္ဘော ကျင်းတစ်ခုတွင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး လျှပ်စစ်ကား အစီးရေ ၉၂၀ဝ တင်ဆောင်နိုင်သည့်BYD ၏ စတုတ္ထမြောက် အထူးသင်္ဘောတစ်စင်း လည်းဖြစ်ကြောင်း သိရသည်။ ယင်းကုမ္ပဏီသည် ယခင်ကလည်း သင်္ဘောသုံးစင်းကို တရုတ်နိုင်ငံ၌ ပင် သီးခြားလွတ်လပ်စွာ တည်ဆောက်ခဲ့သည်ဟု သိရသည်။
အလျား ၂၁၉ မီတာ၊ အကျယ် ၃၇ ဒသမ ၇ မီတာရှိBYD Shenzhenသင်္ဘောကို တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ် ရီကျိန့်မြို့တွင် ဧပြီ ၂၂ ရက်က လွှဲပြောင်းခဲ့ခြင်းဖြစ်သည်။ ၎င်းသင်္ဘောအား ထိ ရောက်မှုမြင့်မား၍ စွမ်းအင်ချွေတာသော ပင်မ အင်ဂျင်များနှင့် Boil-Off Gas (BOG) reconde- nser ၊ သင်္ဘောအောက်ခြေတွင် ကပ်ငြိနေတတ် သော အရာများကို တားဆီးဖယ်ရှားနိုင်ခြင်း၊ သင်္ဘောအား ပွတ်တိုက်မှုမှ လျှော့ချပေးနိုင်သည့် အလွှာများ စသည့် နောက်ဆုံးပေါ် အစိမ်းရောင် နည်းပညာများ ထည့်သွင်းထားကြောင်း သိရ သည်။
Source; Xinhua
စိုင်းဗညား