Main menu

Background

ကမ္ဘောဒီးယားငှက်သိုက် တရုတ်နိုင်ငံသို့ တင်ပို့မည်

Mon, 05/05/2025 - 14:39 -- journal_editor

ကမ္ဘောဒီးယားနိုင်ငံထွက် ဇီဝဇိုးငှက်သိုက်များကို တရုတ်နိုင်ငံ ဈေး ကွက်များသို့ တင်ပို့ခွင့်ပြုမည့် သဘောတူညီချက်တစ်ရပ်ကို ဧပြီ ၁၇ ရက်က ကမ္ဘောဒီးယားနှင့် တရုတ်နိုင်ငံတို့မှ တာဝန်ရှိသူများက လက်မှတ်ရေး ထိုးနိုင်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ သဘောတူညီချက်ကို ဧပြီ ၁၇ ရက်‌မှ ၁၈ ရက်‌အထိ နှစ်ရက် တာ တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ကမ္ဘောဒီးယားနိုင်ငံ ခရီးစဉ်အတွင်း လက် မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်ဟု သတင်းတွင် ဖော်ပြထားခြင်းဖြစ်သည်။ 
တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ကမ္ဘောဒီးယားနိုင်ငံ ခရီးစဉ်အတွင်း နှစ်နိုင်ငံ ကိုယ်စားလှယ်များသည် ဧပြီ ၁၇ ရက်‌က နားလည်မှုစာချွန်လွှာ စုစုပေါင်း ၃၇ ခုကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြခြင်း ဖြစ်ကြောင်း ကမ္ဘောဒီးယား ဇီဝဇိုးငှက်အသင်းချုပ် ဥက္ကဋ္ဌ နန်ဆိုသီက ထုတ်ဖော်ပြောဆိုခဲ့သည်။ 
အဆိုပါ နားလည်မှုစာချွန်လွှာထဲမှ သုံးခုသည် ကမ္ဘောဒီးယားနိုင်ငံ စိုက်ပျိုးရေးထုတ်ကုန်များနှင့် ဆက်စပ်သည့် ငှက်သိုက်များ၊ ဒူးရင်းသီးများနှင့် မိကျောင်းအကောင်ပေါက်များကို တရုတ်နိုင်ငံသို့ ချက်ချင်းတင်ပို့ခွင့် ပြုခဲ့ ခြင်းဖြစ်သည်။ ကမ္ဘောဒီးယားနိုင်ငံမှ ထွက်ရှိသည့် ငှက်သိုက်များသည် သန့်ရှင်းခြင်း၊ စိမ်းလန်းသော သဘာဝပတ်ဝန်းကျင် ရှိခြင်းတို့ကြောင့် ထိုင်း၊ ဗီယက်နမ်၊ မလေးရှားနှင့် အင်ဒိုနီးရှား စသည့် နိုင်ငံများနှင့် နှိုင်းယှဉ်ပါက အရည်အသွေးမြင့်မားသည်ကို အသိအမှတ်ပြုခံရကြောင်း၊ ၎င်းနိုင်ငံများကမူ အကြီးစားစက်မှုလုပ်ငန်းပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံထက် ပိုမိုဖွံ့ဖြိုးသော် လည်း ယင်းနိုင်ငံများထွက် ငှက်သိုက်များသည် ညစ်ညမ်းမှု အမျိုးမျိုးနှင့် ဓာတုပစ္စည်းများ ပါဝင်လေ့ရှိကြောင်း နန်ဆိုသီက ရှင်းပြ ပြောဆိုခဲ့သည်။
Source; gov.cn

စိုင်းဗညား