Main menu

Background

အာဆီယံ၊GCC နှင့် တရုတ်တို့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန်ဆွေးနွေး

Tue, 06/03/2025 - 11:56 -- journal_editor

အာဆီယံ၊ ပင်လယ်ကွေ့ ပူးပေါင်း ဆောင်ရွက်ရေးကောင်စီGCC))နှင့် တရုတ်ခေါင်းဆောင်များသည် မေ ၂၇ ရက်က မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့၌ ကျင်းပခဲ့သည့် ASEAN-China-GCCအစည်းအဝေးတွင် အမေ ရိကန်ပြည်ထောင်စု၏  ကုန်သွယ်ခွန် များအပေါ်   တုံ့ပြန်သည့်အနေဖြင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန်   ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 
ASEAN-China-GCC  အစည်း အဝေး၌ ကုန်သွယ်မှုများ၊ ရင်းနှီးမြှုပ်နှံ မှုများ မြှင့်တင်ရန်နှင့် ဒေသတွင်း ဖွံ့ဖြိုး တိုးတက်ရေးကို အထောက်အကူပြုရန် ဒေသဆိုင်ရာ စီးပွားရေးကောင်စီတစ်ခု ဖွဲ့စည်းရေးကို အတည်ပြုနိုင်ခဲ့ကြောင်း မေ ၂၈ ရက်တွင် ပူးတွဲကြေညာချက် တစ်ရပ် ထုတ်ပြန်ခဲ့သည်။
ASEAN-China-GCC ၏ ကြေ ညာချက်တွင် သက်ဆိုင်ရာ ဒေသတွင်း နိုင်ငံများက   ထောက်ပံ့ပို့ဆောင်ရေး လမ်းကြောင်းများနှင့် ဒစ်ဂျစ်တယ် ပလက်ဖောင်းများ ဖွံ့ဖြိုးတိုးတက်ရေး အပါအဝင် ခါးပတ်လမ်းရပ်ဝန်း (Belt and Road Initiative)) အစီအစဉ် အောက်တွင် ပူးပေါင်းဆောင်ရွက်မှုနှင့် တစ်နိုင်ငံနှင့် တစ်နိုင်ငံ အဆင်ပြေချော မွေ့သည့် ချိတ်ဆက်မှုတို့ကို မြှင့်တင် သွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။
အခြားတစ်ဖက်တွင် အာဆီယံ၊ ွဃဃ နှင့် တရုတ်တို့ ပူးပေါင်းကာ နျူကလီးယားဘေးအန္တရာယ် ကင်းရှင်း ရေး၊ ဓာတ်ပေါင်းဖိုနည်းပညာနှင့် စည်း မျဉ်းစည်းကမ်းဆိုင်ရာ မူဘောင်များကို လေ့ကျင့်သင်ယူရေး၊  စွမ်းရည်တည် ဆောက်ရေးတို့ကို တိုးမြှင့်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။
အဖွဲ့ဝင် ၁၅ နိုင်ငံဖြင့် ဖွဲ့စည်းထား သည့် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု RCEP ကုန် သွယ်ရေးသဘောတူစာချုပ်တွင် ပင် လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေး ကောင်စီGCC ကို   ထည့်သွင်းရန် တရုတ်နိုင်ငံဘက်က အကြံပြု ပြောဆို ထားသည်။
ထို့ပြင် အာဆီယံနှင့် ပင်လယ်ကွေ့ နိုင်ငံများကြား  သီးခြားကုန်သွယ်ရေး သဘောတူညီချက်  တစ်ရပ်ကိုလည်း အကောင်အထည်ဖော်နိုင်ရန် ကြိုးပမ်း သွားမည်ဟု ယင်းအစည်းအဝေး ဆုံး ဖြတ်ချက်အရ သိရသည်။
ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက် ရေးကောင်စီ GCC တွင်  ဘာရိန်း၊ ကူဝိတ်၊ အိုမန်၊ ကာတာ၊ ဆော်ဒီအာ ရေဗျနှင့် အာရပ်စော်ဘွားများပြည် ထောင်စုတို့ ပါဝင်ကြောင်း သိရသည်။
 Source; gcc-sg.org

စိုင်းဗညား