အိန္ဒိယနိုင်ငံသည် ဂျပန်နိုင်ငံကို ကျော်တက်ပြီး ကမ္ဘာ့စတုတ္ထ စီးပွားရေး အင်အားအကြီးဆုံးနိုင်ငံ ဖြစ်လာ ကြောင်းThe Time of India သတင်း ဌာနကThe New York Times သတင်း ၏ ဖော်ပြချက်ကို ကိုးကားပြီး မေ ၂၉ ရက်တွင် ရေးသားဖော်ပြထားသည်။
လက်ရှိအချိန်တွင် အိန္ဒိယနိုင်ငံ ၏ စုစုပေါင်း ပြည်တွင်းထုတ်ကုန် တန်ဖိုး(ွီဏ)မှာ အမေရိကန်ဒေါ်လာ လေးထရီလီယံသို့ ရောက်ရှိခဲ့ကြောင်း စစ်တမ်းများက ဖော်ပြနေသည်။ အိန္ဒိယနိုင်ငံသည် ဂျပန်နိုင်ငံကို ကျော် ဖြတ်ပြီး အမေရိကန်ပြည်ထောင်စု၊ တရုတ်နိုင်ငံနှင့် ဂျာမနီနိုင်ငံတို့၏နောက်တွင် ကမ္ဘာ့စတုတ္ထမြောက် စီးပွားရေး အင်အားအကြီးဆုံးနိုင်ငံ အဖြစ်သို့ တက်လှမ်းလာနိုင်ခဲ့ခြင်း ဖြစ်သည်။
ဖော်ပြထားသည့် စီးပွားရေး အညွှန်းကိန်းများအရ အိန္ဒိယနိုင်ငံ သည် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်က အမေ ရိကန်ဒေါ်လာ ၂ ဒသမ ၁ ထရီလီယံ သာရှိခဲ့ရာမှ ယခု ၂၀၂၅ ခုနှစ်အရောက် ဆယ်စုနှစ် တစ်ခုအတွင်း၌ပင် အမေ ရိကန်ဒေါ်လာ ၄ ဒသမ ၂ ထရီလီယံခန့် အထိ တိုးလာခဲ့ခြင်းဖြစ်သည်။
ပြည်ပရင်းနှီးမြှုပ်နှံမှု တိုးတက် လာသည့် အိန္ဒိယနိုင်ငံ၏ စီးပွားရေး တိုးတက်နှုန်းသည် ပိုမြန်လာသည့် အနေအထားသို့ ရောက်ရှိနေပြီး ပြီးခဲ့ သည့် ၂၀ဝ၇ ခုနှစ်က ပထမဆုံး အမေ ရိကန်ဒေါ်လာ တစ်ထရီလီယံသို့ ရောက်ခဲ့သော်လည်း ထိုကဲ့သို့ ရောက် ရှိရေးအတွက် နှစ်ပေါင်း ၆၀ ကျော် ကြာခဲ့သည်ဟုဆိုသည်။ သို့သော် ၂၀၂၁ ခုနှစ်တွင် ဒေါ်လာ သုံးထရီလီယံထိ တိုးလာပြီးနောက် လေးနှစ်အကြာ ယခု ၂၀၂၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄ ဒသမ ၂ ထရီလီယံခန့်အထိ ရောက် ရှိလာခဲ့ခြင်း ဖြစ်သည်။
နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ IMF ၏ စစ်တမ်းများအရ အိန္ဒိယနိုင်ငံ၏ ၂၀၂၅ ခုနှစ် ွီဏသည် သိသိသာသာ တိုးတက်လာပြီး ယခု နှုန်းအတိုင်း ဆက်သွားနိုင်မည်ဆိုပါက နောက်ထပ် သုံးနှစ်ခန့်အကြာတွင် အိန္ဒိယနိုင်ငံသည် ကမ္ဘာ့တတိယ မြောက် စီးပွားရေး အင်အားအကြီးဆုံး နိုင်ငံဖြစ်လာမည်ဟု စီးပွားရေး ကျွမ်း ကျင်သူများက ခန့်မှန်းထားကြသည်။
Source; The Time Of India
စိုင်းဗညား