ဂျပန်နိုင်ငံသည် အာကာသမှ လျှပ်စစ်ထုတ်လုပ်ပြီး ကမ္ဘာမြေသို့ ပြန် လည်ပို့ဆောင်ပေးနိုင်မည့် ပထမဆုံးနိုင်ငံ ဖြစ်လာရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။
လက်ရှိအချိန်တွင် ဂျပန်နိုင်ငံသည် အာကာသထဲတွင် လျှပ်စစ်ထုတ် လုပ်နိုင်ရေးအတွက် ဂြိုဟ်တုတစ်ခုကို လွှတ်တင်ထားရန် ပြင်ဆင်လျက်ရှိနေ ပြီး အဆိုပါဂြိုဟ်တုသည် အလေးချိန် ပေါင် ၄၀ဝ နီးပါးရှိကြောင်း သတင်းတွင် ဆက်လက်ဖော်ပြထားသည်။
အဆိုပါ ဂြိုဟ်တုသည် ကမ္ဘာမြေပြင်အထက် မိုင်၂၅၀ ပတ်လမ်းတွင် တစ်နာရီ မိုင် ၁၇၄၀ဝ နှုန်းဖြင့် ပျံသန်းနေမည်ဖြစ်ကြောင်းနှင့် ယင်းဂြိုဟ်တုမှာ စွမ်းအင်ရယူရန် နှစ်စတုန်းမီတာ ဆိုလာပြား သုံးပြား တပ်ဆင်ထားသည်ဟု သိရသည်။
ဂြိုဟ်တုတွင် တပ်ဆင်ထားသည့် ဆိုလာပြားများမှ ရရှိလာသည့် လျှပ်စစ်ကို ဘက်ထရီအိုး၌ သိုလှောင်ထားမည်ဖြစ်ကြောင်း၊ အဆိုပါ သို လှောင်ထားသည့် လျှပ်စစ်များကို မိုက်ခရိုဝေ့ဗ်အဖြစ်သို့ ပြောင်းလဲပြီး ကမ္ဘာ မြေမှ လက်ခံမည့် အန်တီနာဆီသို့ ပေးပို့မည်ဖြစ်ကြောင်းနှင့် ယင်းကဲ့သို့ ပေးပို့ ရန်မှာ မိနစ်အနည်းငယ်သာ ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
လက်ရှိ ဂျပန်နိုင်ငံ၏ ကြိုးပမ်းမှုမှာ စီးပွားဖြစ်သုံးရန်အတွက် အလှမ်း ကွာနေသေးကြောင်း ကျွမ်းကျင်သူများက သုံးသပ်ထားကြသည်။ ဂျပန်နိုင်ငံ အနေဖြင့် အဆိုပါအာကာသမှ လျှပ်စစ်ထုတ်လုပ်မှု ပရောဂျက်ကို OHISAMAဟု အမည်ပေးထားကြောင်းနှင့် ယခုနှစ်အတွင်း၌ပင် ပရောဂျက်၏ တစ်စိတ် တစ်ပိုင်းကို အာကာသထဲသို့ လွှတ်တင်ရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်ကြောင်း သိရသည်။
Source; Tech Innovaiton
စိုင်းဗညား