သမ္မတ ဒေါ်နယ်ထရန့် အစိုးရက အမေ ရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီကို အပြီး တိုင် ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း ဇူလိုင် ၃ ရက် တွင် တရားဝင်ထုတ်ပြန်လိုက်ကြောင်း ဆင်ဟွာ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
၆၄ နှစ်နီးပါးကြာ လုပ်ငန်းလည်ပတ်မှုရှိခဲ့ သည့် အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) အနေဖြင့် ဇူလိုင် ၁ ရက်မှစ၍ လုပ်ငန်း လည်ပတ်မှုများကို တရားဝင် ပိတ်သိမ်းလိုက် ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။
အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID)သည် ဇူလိုင် ၁ ရက်မှစ၍ ပြည်ပအကူ အညီပေးမှု တာဝန်များကို တရားဝင် ရပ်ဆိုင်း လိုက်ပြီဖြစ်ကြောင်း၊ သမ္မတ ဒေါ်နယ်ထရန့်၏ အစိုးရမူဝါဒနှင့် ကိုက်ညီသော စီမံကိန်းအချို့ကို သာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဆက်လက် အကောင်အထည်ဖော်ဆောင်ရန် လွှဲ ပြောင်းထားကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကိုရူဘီယိုက ဇူလိုင် ၃ ရက်တွင် ကြေ ညာချက်ထုတ်ပြန် ပြောဆိုခဲ့သည်။
အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID)သည် အမေရိကန်ဒေါ်လာ ၇၁၅ ဘီလီ ယံ သုံးစွဲခဲ့ကြောင်း၊ အမေရိကန် အခွန်ထမ်းများ၏ ငွေကြေးဖြင့် "ကမ္ဘာတစ်ဝန်း နေရာအနှံ့တွင် အစိုးရမဟုတ်သော အဖွဲ့အစည်း(NGO)လုပ်ငန်း အထွေထွေအုပ်စု" တစ်ခုကို တည်ဆောက်ခဲ့သော် လည်း ၁၉၉၀ ပြည့်လွန်နှစ်များ စစ်အေးတိုက်ပွဲ ပြီးဆုံးချိန်မှစ၍ ၎င်း၏ လုပ်ငန်းဆောင်တာများမှာ ထိရောက်မှု အလွန်နည်းပါးကြောင်း၊ ဖွံ့ဖြိုးတိုး တက်မှု ရည်မှန်းချက်မှာလည်း အကောင်အထည် ဖော်နိုင်မှု အလွန်နည်းပါးကြောင်း၊ ကမ္ဘာတစ်ဝန်း မတည်ငြိမ်သည့် အခြေအနေများသည် ၎င်းတို့၏ လုပ်ငန်းဆောင်တာများကို များစွာ ထိခိုက်စေမည် ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
ယခုအချိန်တွင် အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID)၏ စီမံကိန်း ၈၃ ရာခိုင်နှုန်းကို ဖျက်သိမ်းကာ ကျန်ရှိသည့် စီမံကိန်း ၁၀ဝ၀ ခန့်ကို ဆက်လက်ထားရှိမည် ဖြစ်ကြောင်း၊ ကမ္ဘာတစ်ဝန်းရှိ အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီ (USAID) ဌာနခွဲများ ပိတ်သိမ်းပြီး နောက် ယင်းဌာန၏ လုပ်ငန်းဆောင်တာများကို လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ထည့်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။
Source; Xinhua
စိုင်းဗညား