ကမ္ဘာတစ်ဝန်း၌ အအောင်မြင် ဆုံးနှင့် အကြီးကျယ်ဆုံးဖြစ်သည့် ဂီတ ပွဲတော်ကြီးတစ်ခုဖြစ်သောTomorrow- land ကို ၂၀၂၆ ခုနှစ် ဒီဇင်ဘာလတွင် ထိုင်းနိုင်ငံ ချွန်ဘူရီ၌ ကျင်းပမည်ဖြစ် ကြောင်း ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့Tourism Authority of Thailand-TAT)က တရားဝင် အတည်ပြု ပြောဆိုလိုက်ကြောင်း ဗန်ကောက်ပို့စ်သတင်းဌာနက ဇူလိုင် ၃ ရက်တွင် ရေးသားဖော်ပြထားသည်။
ရင်းနှီးမြှုပ်နှံမှု ထိုင်းဘတ်ငွေ ဘီလီယံပေါင်းများစွာရှိသည့်Tomorrowland ပွဲတော်ကို အာရှတိုက်တွင် ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ် ကြောင်း၊TAT၏ အုပ်ချုပ်ရေးမှူးဖြစ်သူThapanee Kiatphaiboolက ဘယ်လ် ဂျီယံနိုင်ငံအခြေစိုက်Tomorrowland ပွဲတော်စီစဉ်သူများအနေဖြင့် ၂၀၂၆ ခုနှစ်အတွက်Tomorrowland ပွဲတော် ကို ထိုင်းနိုင်ငံ ချွန်ဘူရီမြို့အား ရွေးချယ် လိုက်ခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြော ကြားခဲ့သည်။ သို့အတွက်ကြောင့် ထိုင်း နိုင်ငံတွင် ကျင်းပမည့်Tomorrowland ပွဲတော်မှာ အာရှတိုက်၌ ပထမဆုံး အကြိမ်ကျင်းပခြင်းဖြစ်ကြောင်း သတင်း တွင် ဖော်ပြထားသည်။
Tomorrowland သည် ကမ္ဘာ ပေါ်တွင် အကြီးမားဆုံးသော Electro- nic Dance Music (EDM) ဂီတပွဲတော် ဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံးအဖြစ် သတ်မှတ်ခံထားရသည့် ပွဲတော်တစ်ခု လည်းဖြစ်သည်။ ၂၀၂၆ ခုနှစ်Tomo- rrowland ပွဲတော်အတွက် ထိုင်းနိုင်ငံ ချွန်ဘူရီကို ရွေးချယ်ရခြင်းမှာ ကျယ် ဝန်းသည့်နေရာရှိခြင်းနှင့် သွားလာရေး လွယ်ကူအဆင်ပြေမှုကြောင့် ဖြစ် ကြောင်း သိရသည်။
Tomorrowland ပွဲတော် ကျင်းပ မည့် ချွန်ဘူရီခရိုင်သည်U-Tapao အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် တိုက် ရိုက် ချိတ်ဆက်ထားသလို သုဝဏ္ဏဘူမိ လေဆိပ်နှင့် ဒွန်မောင်း လေဆိပ်တို့မှ လည်း အလွယ်တကူ သွားရောက်နိုင် သည်။ ထို့ပြင် ကုန်းလမ်းခရီးနှင့်လည်း အဆင်ပြေခြင်းကြောင့် ကမ္ဘာတစ်ဝန်း မှ ခရီးသွားများအနေဖြင့် ယင်းပွဲတော် ကို အဆင်ပြေပြေ လာရောက်နိုင်မည် ဖြစ်ကြောင်း သိရသည်။
အခြားတစ်ဖက်တွင် ချွန်ဘူရီ သည် နိုင်ငံခြားဧည့်သည်များ တည်းခို ရန် ဟိုတယ်များနှင့် တခြားလိုအပ်သည့် အခြေခံ အဆောက်အအုံများလည်း အသင့်ရှိနေပြီး ပွဲတော်လာရောက်မည့် ခရီးသွားဧည့်သည်များကို လက်ခံရန် အဆင်သင့်ရှိနေသည်ဟု ဆိုသည်။
Source; Nation Thailand
စိုင်းဗညား