Main menu

Background

အမေရိကန်မှ ဘိုးရင်းလေယာဉ် ၂၅ စင်း ဘင်္ဂလားဒေ့ရှ် ဝယ်ယူမည်

Thu, 08/07/2025 - 10:11 -- journal_editor

ဘင်္ဂလားဒေ့ရှ်အစိုးရသည် အမေရိကန်မှ ဘိုးရင်းလေယာဉ် ၂၅စင်း ဝယ်ယူ ရန် အမှာစာများ ပေးပို့ထားပြီးဖြစ်ကြောင်း ဇူလိုင် ၂၉ ရက်တွင် ရိုက်တာသတင်း ဌာန၏ ရေးသားဖော်ပြချက်အရ သိရသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ကြီးလေးသောကုန်သွယ်ခွန်ကို ပြေ လည်စေရေးအတွက် ဘင်္ဂလားဒေ့ရှ်က ဘိုးရင်းကုမ္ပဏီထုတ် လေယာဉ် ၂၅ စင်း မှာယူထားခြင်းဖြစ်ကြောင်း၊  ဘင်္ဂလားဒေ့ရှ်အနေဖြင့် အမေရိကန် ကုန်ပစ္စည်းများ တင်သွင်းမှုကို   ပိုမိုလုပ်ဆောင်နေကြောင်း  အစိုးရတာဝန်ရှိသူတစ်ဦးက ပြော သည်။ 
ယခုကဲ့သို့ လုပ်ဆောင်ရခြင်းမှာ ဘင်္ဂလားဒေ့ရှ်နှင့် အမေရိကန်တို့အကြား ကုန်သွယ်ရေးကွာဟမှု အမေရိကန်ဒေါ်လာ ၆ ဘီလီယံကို လျော့ကျစေရေးနှင့် အခွန် ၃၆ ရာခိုင်နှုန်း ချမှတ်မှုကိုပါ ရှောင်ရှားရေး ပိုကျယ်ပြန့်သည့် ဗျူဟာတစ်စိတ် တစ်ပိုင်း ဖြစ်ကြောင်း သိရသည်။
အမေရိကန်အစိုးရ၏ ကုန်သွယ်ခွန် တိုးမြှင့်မှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပို့ကုန်ကဏ္ဍနှင့် အထည်ချုပ်လုပ်ငန်း နယ်ပယ်အတွက် ကြီးမားသည့် ဈေးကွက် ထိခိုက်မှုများ ရှိလာနိုင်ခြင်းတို့ကြောင့်  ဘင်္ဂလားဒေ့ရှ်အစိုးရအနေဖြင့် သတိထား လုပ်ဆောင်နေရကြောင်း သတင်းတွင် ဖော်ပြထားသည်။
ဘင်္ဂလားဒေ့ရှ်အစိုးရသည် အမေရိကန်အခြေစိုက်ဘိုးရင်းကုမ္ပဏီမှ ဘိုးရင်း လေယာဉ် ၁၄ စင်းကို ကနဦး မှာယူထားပြီးဖြစ်သော်လည်း ယခုထပ်တိုးမှာယူမှု ကြောင့် ဘိုးရင်းလေယာဉ်မှာယူမှုမှာ ၂၅ စင်းအထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ်အနေဖြင့်  အမေရိကန်ထွက် ဂျုံ၊ ပဲပိစပ်ဆီနှင့် ဝါဂွမ်းတို့ကိုပါ တိုးမြှင့် ဝယ်ယူသွားမည်ဟုဆိုသည်။ ဇူလိုင်လ ပထမပတ်က လက်မှတ်ရေးထိုးခဲ့ သည့် သဘောတူညီချက်အရ ဘင်္ဂလားဒေ့ရှ်အစိုးရသည် အမေရိကန်ထံမှ ငါးနှစ် အတွင်း နှစ်စဉ် ဂျုံတန်ချိန် ခုနစ်သိန်းအထိ တင်သွင်းသွားမည်ဖြစ်သည်။ 
Source; Reuters

စိုင်းဗညား