Main menu

Background

ဂျာမနီအခြေစိုက် ကားလုပ်ငန်းများ အလုပ်အကိုင် ငါးသောင်းကျော် လျှော့ချ

Thu, 09/04/2025 - 16:00 -- journal_editor

ဂျာမနီအခြေစိုက်  မော်တော် ကားကုမ္ပဏီများသည် အမေရိကန်၏ အခွန်စည်းကြပ်မှုများကြောင့် ပို့ကုန် လုပ်ငန်းများ  ထိခိုက်လာမှုနှင့်အတူ အလုပ်အကိုင်ပေါင်း ငါးသောင်းကျော် ကို လျှော့ချလိုက်ရကြောင်း သိရသည်။
ဂျာမနီနိုင်ငံမှ  မော်တော်ကား လုပ်ငန်းများမှာ ယမန်နှစ်ကပင် ထုတ် လုပ်မှု အားနည်းခြင်း၊ အမေရိကန်၏ ကြီးမားသော အခွန်စည်းကြပ်ခြင်းနှင့် ကားလုပ်ငန်းကဏ္ဍ၌ လျှပ်စစ်ကားများ ပြောင်းလဲရန် ကုန်ကျစရိတ် ကြီးမား ခြင်းတို့ကြောင့်  အလုပ်အကိုင်ပေါင်း ၅၁၀ဝ၀ ကျော်အထိ   လျှော့ချခဲ့ရ ကြောင်းConsultancy EY၏ ထုတ် ပြန်ချက်အရ သိရသည်ဟု ဘီဘီစီ သတင်းဌာနက ရေးသားဖော်ပြထား သည်။
၂၀၂၄ ခုနှစ်   ဇူလိုင် ၁ ရက်မှ ၂၀၂၅ ခုနှစ် ဇွန်လအထိ ၁၂ လတာ ကာလအတွင်း ကားလုပ်ငန်းကဏ္ဍသည် ၇ ရာခိုင်နှုန်းနီးပါး ကျဆင်းခဲ့ ကြောင်း၊ ယင်းမှာ ဂျာမနီ ကားလုပ်ငန်း ခွဲများအတွက်  အပြင်းထန်ဆုံးသော ရိုက်ခတ်မှုဖြစ်ကြောင်း ဂျာမနီနိုင်ငံ သတင်းအေဂျင်စီ(dpa German Press Agency)က သြဂုတ် ၂၆ ရက်တွင် ထုတ်ပြန်ထားသည်။
အမေရိကန်သမ္မတ   ဒေါ်နယ် ထရန့်၏  အခွန်စည်းကြပ်မှုကြောင့် မာစီးဒီး အပါအဝင် ဂျာမနီနှင့် အခြား ဥရောပနိုင်ငံများရှိ    ဖို့ဒ်၊Stellantis ဗောက်စ်ဝက်ဂွန်၊  ZF နှင့် Bosch စသည့်     ကားထုတ်လုပ်သူများနှင့် ထောက်ပံ့ရေး  လုပ်ငန်းများစွာသည် စက်ရုံပိတ်ခြင်း၊ အလုပ်အကိုင်နေရာ များ လျှော့ချခြင်းများ လုပ်ဆောင်နေရ သည်။

Source; Xinhua

 

စိုင်းဗညား