Main menu

Background

ထိုင်းနိုင်ငံ ဗန်ကောက်တွင် လျှပ်စစ် ခရီးသည်တင်ယာဉ် ၁၅၀ဝ ကျော် ပြေးဆွဲမည်

Wed, 10/15/2025 - 12:15 -- journal_editor

ထိုင်းနိုင်ငံ ဗန်ကောက်မြို့တွင် လျှပ်စစ်ခရီးသည်တင်ယာဉ်   အစီး ၁၅၀ဝကျော်ဖြင့် ခရီးသည်များအား ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်းThethaigerသတင်းဌာန၏ အောက်တို ဘာ ၂ ရက်  သတင်းဖော်ပြချက်အရ သိရသည်။
ထိုင်းနိုင်ငံ၏   အများပြည်သူ သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ BMTA)သည် အဲလ်ကွန်းမပါသည့် ခရီး သည်တင်ယာဉ်နေရာတွင်  လျှပ်စစ် (EV)   ခရီးသည်တင်ယာဉ်များဖြင့် အစားထိုးရန် စီစဉ်ထားကြောင်း ကြေ ညာခဲ့ခြင်းဖြစ်သည်။
ထိုင်းနိုင်ငံ၏ ဒုတိယဝန်ကြီးချုပ် နှင့်     ဒုတိယပို့ဆောင်ရေးဝန်ကြီး Phiphat Ratchakitprakarn က  အဲလ် ကွန်းပါဝင်သည့် လျှပ်စစ်စွမ်းအင်သုံး ခရီးသည်တင်ယာဉ်အစီး ၁၅၂၀ ကို တိုးချဲ့ကာ ပြောင်းလဲပြေးဆွဲသွားမည် ဟု အတည်ပြု ပြောဆိုခဲ့ခြင်းဖြစ်သည်။
လျှပ်စစ်  ခရီးသည်တင်ယာဉ်များ ကို အသုံးပြုပါက   လေထုညစ်ညမ်းမှုကို လျှော့ချပေးနိုင်မည်ဖြစ်ကြောင်း၊ ခရီး သည် ဝန်ဆောင်မှုကိုလည်းပိုမိုကောင်း မွန်လာစေမည်ဖြစ်ကြောင်း၊BMTA နှင့် ခရီးသည်များအတွက်ပါ ကုန်ကျ စရိတ် သက်သာစေမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးချုပ်နှင့် ဒုတိယပို့ဆောင် ရေးဝန်ကြီး Phiphat Ratchakitprakarn  က ဆက်လက်ပြောဆိုခဲ့သည်ဟု သတင်း တွင် ဖော်ပြထားခြင်း ဖြစ်သည်။
လာမည့် ၂၀၂၆ ခုနှစ် စက်တင် ဘာလတွင် ယင်းအစီအစဉ်ကို စတင် မည်ဖြစ်ပြီး ကနဦးတွင် လျှပ်စစ်ခရီး သည်တင်ယာဉ်အစီး ၅၀ဝ ဖြင့် စတင် ပြေးဆွဲပေးမည်ဖြစ်ကြောင်း၊ ထို့နောက် အဆင့်ဆင့် အစားထိုး ပြေးဆွဲပေးသွား မည်ဖြစ်ပြီး ရက်ပေါင်း ၁၈၀ အတွင်း အစားထိုးမှုအားလုံး   ပြီးစီးမည်ဟု ခန့် မှန်းထားကြောင်းနှင့်  ထိုသို့ အစားထိုးမှု အားလုံးပြီးစီးသွားပါက အဲလ်ကွန်းမပါ သည့် ခရီးသည်တင်ယာဉ်များ  ပြေးဆွဲ မှုကို ရပ်နားသွားမည်ဖြစ်ကြောင်း သိရ သည်။
လျှပ်စစ်ခရီးသည်တင်ယာဉ်များ ပြောင်းလဲအသုံးပြုပါက လောင်စာဆီ ကုန်ကျစရိတ်ကို ၇၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်မည်ဖြစ်ပြီး ပြုပြင်ထိန်းသိမ်း စရိတ်မှာမူ ဘတ် ၁ ဒသမ ၈ ဘီလီယံ ကျဆင်းသွားဖွယ်ရှိခြင်းကြောင့် တစ် နှစ်လျှင် ကုန်ကျစရိတ် ဘတ် ၁ ဒသမ ၄၄၂ ဘီလီယံကျော် လျှော့ချနိုင်မည် ဖြစ်ကြောင်းနှင့် ယာဉ်စီးခဈေးနှုန်းကိုမူ ပြောင်းလဲမည်မဟုတ်ကြောင်း   သိရ သည်။                  

  Source; Thethaiger

စိုင်းဗညား