Main menu

Background

တရုတ်နိုင်ငံတွင် စက်ရုပ်က ဈေးရောင်းသည့် စတိုးဆိုင်ဖွင့်လှစ်

Wed, 10/15/2025 - 12:16 -- journal_editor

တရုတ်နိုင်ငံတွင် စက်ရုပ်များက ရောင်းချပေးသည့် စတိုးဆိုင် ဖွင့်လှစ်လိုက်ကြောင်း အောက်တိုဘာ ၂ ရက်တွင် ဆင်ဟွာသတင်းတစ်ရပ်က ရေးသားဖော်ပြထားသည်။
တရုတ်နိုင်ငံတွင် ဖွင့်လှစ်လိုက်သည့် ယင်းစတိုးဆိုင်၌ လူသားဝန်ထမ်း လုံးဝမပါဘဲ စက်ရုပ်များဖြင့်သာ စီမံခန့်ခွဲ ရောင်းချပေးသည့် စတိုးဆိုင်တစ်ဆိုင်ကို စတင်ဖွင့်လှစ်လိုက် ပြီဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားခြင်းဖြစ်သည်။ 
Galbot ဟုခေါ်သည့်  နည်းပညာကုမ္ပဏီတစ်ခုကGalbot G-1 အမည်ရ စက်ရုပ်ကို အသုံးပြုပြီး တရုတ်နိုင်ငံ ပေကျင်းမြို့တွင် စတင်အကောင်အထည်ဖော်  ဖွင့်လှစ်လိုက် ခြင်း ဖြစ်သည်။ အဆိုပါ စတိုးဆိုင်ထဲသို့ ဝင်ရောက်လာသည့် ဖောက်သည်များကို နှုတ်ဆက်ခြင်း၊ အစားအသောက်၊ အချို ရည်နှင့် ဆေးဝါးများ အပါအဝင် ပစ္စည်းများအားလုံးကိုGalbot G-1စက်ရုပ်က ကိုင်တွယ်ဆောင်ရွက် ရောင်းချပေး မည်ဖြစ်ကြောင်း သိရသည်။
Galbot G-1 စက်ရုပ်များသည် ကိုယ်တိုင် ဆုံးဖြတ်နိုင် စွမ်းရှိပြီး မည်သည့်ပစ္စည်းမျိုးကိုမဆို ကိုင်တွယ်နိုင်စွမ်းရှိသည် ဟုဆိုသည်။ လက်ရှိအချိန်တွင်Galbot G-1 စက်ရုပ်များ သည် စမ်းသပ်ဆဲကာလအဖြစ်သာရှိသေးပြီး လာမည့် ၂၀၂၆ ခုနှစ်တွင် တရုတ်နိုင်ငံ၏ မြို့ကြီး ၁၀ မြို့တွင် Galbot G-1 စက်ရုပ်များကို အသုံးပြုသည့် စတိုးဆိုင် ၁၀ဝ အထိ တိုးချဲ့ ဖွင့်လှစ်ရန် စီစဉ်နေကြောင်း သိရသည်။

 Source; Xinhua

စိုင်းဗညား