Main menu

Background

ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ် ပြုပြင်ပြောင်းလဲခြင်းကို ရုရှားထောက်ခံ

Wed, 10/15/2025 - 12:17 -- journal_editor

ရုရှားနိုင်ငံအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ် ပြုပြင်ပြောင်း လဲခြင်းများကို အပြည့်အဝ ထောက်ခံကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာ ဂေးလက်ဗ်ရော့ဗ်က ပြောဆိုခဲ့သည်။
ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံကို ပြန်လည်ချိန်ညှိ၍ အကောင် အထည်ဖော်ရေးအတွက် တရုတ်နိုင်ငံ အပါအဝင် အခြားသော နိုင်ငံများနှင့်ပါ လက်တွဲကာ ရုရှားနိုင်ငံက တက်တကြွ်ကြွက ပါဝင်လုပ်ဆောင်သွားမည်ဖြစ် ကြောင်း ၎င်းက ပြောဆိုခဲ့ခြင်းဖြစ်သည်။ 
စက်တင်ဘာ ၃၀ ရက်က ရုရှားနိုင်ငံ ဆိုချီမြို့တွင် ကျင်းပခဲ့သည့် Valdai International Discussion Club Think Tankအဖွဲ့၏ (၂၂)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးတွင် နိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗ်ရော့ဗ်က ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း သတင်းတွင် ဆက်လက်ဖော်ပြထားသည်။
အဆိုပါ အစည်းအဝေးတွင် တရုတ်နိုင်ငံက အဆိုပြုခဲ့သည့် ကမ္ဘာလုံး ဆိုင်ရာ စီမံခန့်ခွဲမှုအစီအမံမှာ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုယန္တရားအချို့သည် အနောက်နိုင်ငံများ၏  လွှမ်းမိုးထိန်းချုပ်မှုအောက်တွင်  ရောက်ရှိနေသည့် အခြေအနေရှိခြင်းကြောင့် ပြောင်းလဲမှုပြုလုပ်ရာတွင် အထောက်အကူပြုနိုင် မည်ဟု ဆာဂေးလက်ဗ်ရော့ဗ်က ပြောကြားခဲ့သည်။
နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေး ယန္တရားများကို တစ်ဖက်သတ်ဆန် သော၊ တစ်ကိုယ်ကောင်းဆန်သော ပထဝီနိုင်ငံရေး ရည်မှန်းချက်များအား ရှေ့ဆက်ဖော်ဆောင်ရန် မလျော်မကန် အသုံးပြုနေခြင်းမှာ ဆိုးရွားသည့် အခြေအနေတစ်ရပ်ပင်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။ ထို့ပြင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သည် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် အချိန်ကျ နေပြီဖြစ်ကြောင်း ဆာဂေးလက်ဗ်ရော့ဗ်က ပြောသည်။        

 Source; Xinhua

စိုင်းဗညား