Main menu

Background

တရုတ်နှင့် အာဆီယံ လွတ်လပ်သော ကုန်သွယ်ရေးဧရိယာ လက်မှတ်ရေးထိုး

Tue, 12/02/2025 - 10:24 -- journal_editor

တရုတ်-အာဆီယံ  လွတ်လပ် သော ကုန်သွယ်ရေးဧရိယာ ၃.ဝ အဆင့် မြှင့် ဗားရှင်းကို မလေးရှားနိုင်ငံ ကွာ လာလမ်ပူမြို့တွင် အောက်တို ဘာ ၂၈ ရက်က   လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ တရုတ်-အာဆီယံ  လွတ်လပ် သော ကုန်သွယ်ရေးဧရိယာ ၃.ဝ အဆင့် မြှင့်ဗားရှင်းတွင် ဒစ်ဂျစ်တယ်စီးပွား ရေး၊ အစိမ်းရောင် စီးပွားရေး၊ ထောက်ပံ့ ရေးကွင်းဆက်များ အပြန်အလှန် ချိတ် ဆက်ခြင်း၊ စံချိန်စံညွှန်းနှင့် နည်းပညာ ဆိုင်ရာ စည်းမျဉ်းနှင့် အရည်အချင်း ပြည့်မီမှု  အကဲဖြတ်ခြင်း စသည့် လုပ် ထုံးလုပ်နည်းများ၊  ကျန်းမာရေးနှင့် အပင်များ ကျန်းမာရေး အစီအမံများ၊ အကောက်ခွန် လုပ်ထုံးလုပ်နည်းများ နှင့် ကုန်သွယ်မှု အဆင်ပြေချောမွေ့စေ ရေး၊  ပြိုင်ဆိုင်မှုနှင့် စားသုံးသူ ကာ ကွယ်ရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စား  စီးပွားရေးလုပ်ငန်းများ၊ စီးပွားရေးကဏ္ဍတွင်  နည်းပညာ  ပူး ပေါင်းဆောင်ရွက်မှုတို့ အပါအဝင် စုစု ပေါင်း ကဏ္ဍကိုးခု ပါဝင်ကြောင်း သိရ သည်။
ထိုသို့ တရုတ်-အာဆီယံ  လွတ် လပ်သော ကုန်သွယ်ရေးဧရိယာ ၃.ဝ အဆင့်မြှင့်ဗားရှင်း လက်မှတ်ရေးထိုး ပြီးနောက် သက်ဆိုင်ရာနိုင်ငံများ အတွင်း ခွင့်ပြုချက် လုပ်ထုံးလုပ်နည်း များကိုလည်း  ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့်  ယင်းအစီအစဉ်များ ဆောလျင်စွာ  အသက်ဝင် ဖော်ဆောင် နိုင်ရေးကို တွန်းအားပေး လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ဆင်ဟွာသတင်း ၏  ရေးသားဖော်ပြချက်အရ  သိရ သည်။ တရုတ်နိုင်ငံနှင့် အာဆီယံတို့ သည် လွန်ခဲ့သည့် ၂၀ဝ၂ ခုနှစ်ကပင် လွတ်လပ်သော ကုန်သွယ်ရေးဧရိယာ ကို စတင်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ်တွင် လွတ်လပ်သော ကုန်သွယ်ရေးဧရိယာ ၁.ဝ ဗာရှင်းကို တည်ထောင်နိုင်ခဲ့သည်။ ထို့ပြင် ၂၀၁၅ ခုနှစ်တွင် ၂.ဝ အဆင့် မြှင့် ဗားရှင်းနှင့် ၂၀၂၅ ခုနှစ် မေလတွင် ၃.ဝ ဗာရှင်းကို စတင် စေ့စပ်ညှိနှိုင်းခဲ့ရာ ယခုအချိ်န်တွင် အလုံးစုံ ပြီးမြောက်ကာ လက်မှတ် ရေးထိုးနိုင်ခဲ့ပြီဖြစ်သည်။
 Source; Xinhua

စိုင်းဗညား