အရှေ့တောင်အာရှမှ စီးပွားရေး ဖွံ့ဖြိုးသော နိုင်ငံများ ဖြစ်သည့် ဗီယက်နမ်၊ မလေးရှားနှင့် စင်ကာပူ နိုင်ငံတို့ကို ချိတ်ဆက်ပေးသည့် ကမ်းလွန် လေအား လျှပ်စစ်စီမံကိန်းကို တည်ဆောက်လျက်ရှိကြောင်း သိရ သည်။
အဆိုပါ မဂ္ဂါဝပ် ၂၀ဝ၀ အထိရှိသည့် ကမ်းလွန် လေအားလျှပ်စစ်စီမံကိန်းမှာ လာမည့် ၂၀၃၄ ခုနှစ်တွင် ပထမအဆင့်ပြီးစီးရန် မျှော်လင့်ထားကြောင်း မလေးရှား နိုင်ငံ စွမ်းအင်ဝန်ကြီးက ပြောကြားခဲ့သည်ကို ကိုးကားပြီး ဗန်ကောက်ပို့စ် သတင်းဌာနက အောက်တိုဘာ ၂၉ ရက် တွင် ရေးသားဖော်ပြထားသည်။
စုစုပေါင်းထုတ်လွှတ်မည့် မဂ္ဂါဝပ် ၂၀ဝ၀ ထဲမှ မဂ္ဂါဝပ် ၇၀ဝ ကို မလေးရှားနိုင်ငံပြည်တွင်း၌ အသုံးပြုရန် လျာထားကြောင်းနှင့် ကျန်သည့် မဂ္ဂါဝပ် ၁၃၀ဝ ကို စင်ကာပူနှင့် ဗီယက်နမ်တို့က ခွဲဝေယူကြမည်ဟုဆိုသည်။
ယင်းစီမံကိန်း၏ ဒုတိယအဆင့်တွင် ကမ္ဘော ဒီးယား၊ လာအို၊ ထိုင်းနိုင်ငံတို့မှတစ်ဆင့် ကုန်းလမ်း ကြောင်းအတိုင်း ဗီယက်နမ်နိုင်ငံမှ မလေးရှားကျွန်း ဆွယ်အထိ မြောက်ဘက်သို့ သွယ်တန်းဖော်ဆောင်မည့် ဓာတ်အားလိုင်းများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရ သည်။
Source;Bangkok Post
စိုင်းဗညား
