ကမ္ဘာကျော် အဲဘတ်စ်ကုမ္ပဏီသည် တရုတ်နိုင်ငံ မြောက်ပိုင်းရှိ ဆိပ်ကမ်းမြို့ တစ်မြို့ဖြစ်သည့် ထျန်းကျင်းတွင် ၎င်းတို့၏ အပြီးသတ် တပ်ဆင်ရေးလိုင်းသစ် (Final Assembly Line-FAL)ကို စတင် လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။
အဲဘတ်စ်ကုမ္ပဏီ၏ ထျန်းကျင်းရှိ စက်ရုံမှာ တရုတ်နိုင်ငံနှင့် အာရှတွင် ဒုတိယမြောက် စက်ရုံဖြစ်သည့် A320 အုပ်စုဝင် အဲဘတ်စ်လေယာဉ်အတွက် နောက်ဆုံးပေါ် အပြီးသတ် တပ်ဆင်ရေးလိုင်းအသစ်(FALကို စတင်တပ်ဆင်သည့် ဖွင့်ပွဲ အခမ်းအနားကို အောက်တိုဘာ ၂၂ ရက်က ကျင်းပခဲ့ကြောင်း ဆင်ဟွာသတင်း တစ်ရပ်က အောက်တိုဘာ ၂၆ ရက်တွင် ရေးသားဖော်ပြထားသည်။
ယင်းစက်ရုံသစ်သည် A320အုပ်စုဝင် လေယာဉ်များ၏ နောက်ဆုံး အပြီး သတ် တပ်ဆင်ခြင်း လုပ်ဆောင်နိုင်စွမ်းကို နှစ်ဆ ဖြစ်လာစေမည်ဖြစ်ကြောင်းနှင့် တိုးတက်လျက်ရှိသည့် အရပ်ဘက် လေကြောင်းလိုင်းဈေးကွက်၊ ခံနိုင်ရည်ရှိသည့် ထောက်ပံ့ရေးကွင်းဆက်နှင့် ကောင်းမွန်သော စီးပွားရေးဝန်းကျင် အခြေအနေ အပေါ် အဲဘတ်စ်ကုမ္ပဏီ၏ ယုံကြည်မှုကို သရုပ်ဖော်ပြနေခြင်းဖြစ်ကြောင်း သိရ သည်။
လက်ရှိအချိ်န်တွင် တရုတ်နိုင်ငံ၌ အပြီးသတ် တပ်ဆင်ရေးလိုင်းသစ်(Final Assembly Line-FALဗူ) မှတစ်ဆင့် A320 လေယာဉ်များ၏ လေယာဉ်ကိုယ်ထည် အပိုင်းများ၊ တောင်ပံအစိတ်အပိုင်းကြီးများ တပ်ဆင်မည် ဖြစ်ကြောင်းနှင့် ဆေး မှုတ်ခြင်း၊ စမ်းသပ်ခြင်းနှင့် ဝယ်ယူသူများထံ ပေးပို့ခြင်း စသည့် လုပ်ငန်းများကို အဆင့်ဆင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အဲဘတ်စ်ကုမ္ပဏီ၏ အမှုဆောင် အရာရှိချုပ်ဖြစ်သူGuillaume Faury က ပြောခဲ့သည်။ ယခုစက်ရုံမှ ၂၀၂၇ ခုနှစ် တွင် တစ်လလျှင် A320 အုပ်စုဝင် လေယာဉ် ၇၅ စင်း ထုတ်လုပ်နိုင်ရန် ရည်မှန်း ထားကြောင်း သိရသည်။
လက်ရှိအချိန်ထိ အဲဘတ်စ်လေယာဉ် ထုတ်လုပ်ရေးကွန်ရက်သည် အပြီး သတ် တပ်ဆင်ရေးလိုင်းသစ်(Final Assembly Line-FALဗူ) ၁၀ ခုအထိ ရှိလာခဲ့ပြီး ဂျာမနီနိုင်ငံတွင် လေးခု၊ ပြင်သစ်နိုင်ငံတွင် နှစ်ခု၊ အမေရိကန်ပြည်ထောင်စုတွင် နှစ်ခုနှင့် တရုတ်နိုင်ငံတွင် နှစ်ခု ရှိလာခဲ့ပြီဖြစ်ကြောင်း သိရသည်။
Source;Xinhua
စိုင်းဗညား
