Main menu

Background

မကာအိုတွင်အပြည်ပြည်ဆိုင်ရာ အာကာသနှင့် ဂြိုလ်ပညာ‌ဖိုရမ်ကျင်းပ

Tue, 02/03/2026 - 12:02 -- journal_editor

၂၀၂၆ ခုနှစ် မကာအို အပြည်ပြည် ဆိုင်ရာ အာကာသနှင့် ဂြိုဟ်သိပ္ပံပညာ ရပ် ဖိုရမ်ကို  ဇန်နဝါရီ ၂၆ ရက်မှ ၂၉ ရက်အထိ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ မကာအို အပြည်ပြည်ဆိုင် ရာ အာကာသနှင့် ဂြိုဟ်သိပ္ပံပညာရပ် ဖိုရမ်  အခမ်းအနားသို့ နိုင်ငံနှင့် ဒေသ ၁၀ ခုကျော်မှ အာကာသနှင့် ဂြိုဟ်သိပ္ပံ နယ်ပယ်များမှ  ပညာရှင် ၃၀ဝ ကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။ 
ယင်းဖိုရမ်တွင် တင်ဆက်မှုများနှင့် အကြောင်းအရာဆိုင်ရာ  ဆွေးနွေးမှု များပါဝင်ပြီး  မတူညီသော နောက်ခံ များမှ သုတေသီများအတွက် ဆွေးနွေး မှုများတွင်  ပါဝင်ရန်နှင့် အနာဂတ် သုတေသန၏ ညှိနှိုင်းဖွံ့ဖြိုးတိုးတက်မှု ကို မြှင့်တင်ရန် ပွင့်လင်းသော ပလက် ဖောင်းတစ်ခု ပံ့ပိုးပေးနိုင်မည်ဟု စီစဉ် သူများက ယုံကြည်ထားကြသည်။
မကာအို     အပြည်ပြည်ဆိုင်ရာ အာကာသနှင့်  ဂြိုဟ်သိပ္ပံပညာရပ် ဖိုရမ်သည် တရုတ်နိုင်ငံ၏ လေကြောင်း အာကာသနှင့် နက်နဲသောအာကာသ သုတေသနအတွက် အဓိကဗဟိုချက် အဖြစ် မကာအို၏   အခန်းကဏ္ဍကို အသုံးချရန်၊  တရုတ်နိုင်ငံနှင့် နိုင်ငံ တကာ   ဂြိုဟ်သိပ္ပံ  ပညာရပ်ဆိုင်ရာ အသိုင်းအဝိုင်းအကြား  ဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကို အားကောင်း စေရန်နှင့် လူငယ်ပညာရှင်များအား အာကာသသိပ္ပံ သုတေသနတွင် ပါဝင် ရေးကို ရည်ရွယ်၍    ကျင်းပခြင်းဖြစ် ကြောင်း မကာအို သိပ္ပံနှင့် နည်းပညာ တက္ကသိုလ် MUSTမှ ဥက္ကဋ္ဌဖြစ်သူက ပြောသည်။
မကာအို သိပ္ပံနှင့် နည်းပညာ ဖွံ့ဖြိုး တိုးတက်ရေး ရန်ပုံငွေ(FDCT) အဖွဲ့မှ တာဝန်ရှိသူတစ်ဦးကလည်း  မိမိတို့ အဖွဲ့၏ ရန်ပုံငွေမှာ ကမ္ဘာလုံးဆိုင်ရာ သိပ္ပံနည်းကျ ဖွံ့ဖြိုးတိုးတက်မှု ရရှိစေ ရန်နှင့်  ဒေသတွင်း သိပ္ပံဆိုင်ရာ ဆန်း သစ်တီထွင်မှုနှင့် ဘာသာရပ်နယ်ပယ် ပေါင်းစုံ ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ကို မြှင့်တင်နိုင်ရန်အတွက်  ရေရှည် ကတိကဝတ်ပြုထားကြောင်း ပြောဆိုခဲ့ သည်။
 Source; Xinhua

စိုင်းဗညား