ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်တွင် ဟောင်ကောင်၏ ကုန်သွယ်မှုမှာ သိသိ သာသာ မြင့်တက်ခဲ့ကြောင်း ဆင်ဟွာသတင်းတစ်ရပ်က ဇန်နဝါရီ ၂၈ ရက်တွင် ရေးသားဖော်ပြထားသည်။
ဟောင်ကောင်၏ ပို့ကုန်တန်ဖိုးမှာ ဂဏန်းနှစ်လုံးတိုးတက်မှု ရှိခဲ့ခြင်း ကြောင့် စံချိန်သစ်တစ်ရပ် ဖြစ်ခဲ့ကြောင်း၊ စုစုပေါင်း ကုန်ပစ္စည်း တင်ပို့မှု တန်ဖိုးမှာလည်း သမိုင်းဝင် အမြင့်ဆုံးအထိ ရောက်ရှိခဲ့ကြောင်း တရုတ်နိုင်ငံ ၏ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ HKSAR)) အစိုးရက ဇန်နဝါရီ ၂၇ ရက်တွင် ထုတ်ပြန်ခဲ့သည်ကို ကိုးကားပြီး ဆင်ဟွာသတင်းဌာနက ရေးသားဖော်ပြထားခြင်း ဖြစ်သည်။
ဟောင်ကောင်အနေဖြင့် ၂၀၂၅ ခုနှစ်တွင် စုစုပေါင်း ကုန်စည်တင်ပို့ မှုတန်ဖိုးမှာ ၂၀၂၄ ခုနှစ်ကထက် ၁၅ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်လာခဲ့ ကြောင်းHKSAR အစိုးရ၏ သန်းခေါင်စာရင်းနှင့် စာရင်းအင်းဌာနက ထုတ် ပြန်ခဲ့သည်ဟု သိရသည်။
၂၀၂၅ ခုနှစ် စတုတ္ထ သုံးလပတ်တွင် စုစုပေါင်း ကုန်စည်တင်ပို့မှု တန်ဖိုးမှာ ၅ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ကုန်စည်တင်သွင်းမှု တန်ဖိုး မှာမူ ၆ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။
ဟောင်ကောင်သည် ကမ္ဘာ့စီးပွားရေး အလယ်အလတ်အဆင့်ဖြင့် တည်ငြိမ်စွာ ဆက်လက်တိုးတက်နေကြောင်း၊ ဈေးကွက်အသစ်များနှင့် ကုန် သွယ်စီးပွားဆက်ဆံရေး မြင့်တက်လာကြောင်း၊ ဉာဏ်ရည်တု(AI) နည်း ပညာအသုံးပြုထားသည့် အီလက်ထရွန်နစ် ဆက်စပ်ထုတ်ကုန်များအတွက် ကမ္ဘာတစ်ဝန်းတွင် ခိုင်မာသော ဝယ်လိုအား ရရှိနေပြီဖြစ်ခြင်းကြောင့် ကုန် စည်ကုန်သွယ်မှု စွမ်းဆောင်ရည်ကို တိုးတက်အောင် ပံ့ပိုးပေးမည်ဖြစ်ကြောင်း ဟောင်ကောင်မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ကြောင်း ဆင်ဟွာ သတင်းတွင် ဆက်လက်ဖော်ပြထားသည်။
Source; Xinhua
စိုင်းဗညား
